Thursday, 27 March 2014

လျှို့ဝှက်နံပါတ်(၉)



“ဒီနှစ် ကျွန်မအရမ်းကံကောင်းတာပဲ.. ကလေးတွေက တက်ညီလက်ညီရှိပြီး
စကားကိုနားထောင်ကြတယ်။ အထူးသဖြင့် ကျောင်းသားတစ်ယောက်ဆို
အရမ်းလိမ်မာတာပဲ။ ကြီးလာရင် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နို
င်တယ်”

ထိုနှစ်က ကျောင်းဖွင့်ပြီး သိပ်မကြာပါ။ ကျွန်မရှေ့တွင်ထိုင်သော
ဆရာမဒေါ်ချယ်ရီက ၀မ်းသာအားရ ပြောလာသည်။ နားနေခန်းရှိ ဆရာမများအားလုံး
ထိုအပြောကို စိတ်ဝင်စားကြသည်။

ဆရာမဒေါ်ချယ်ရီ၏ ပြောပြချက်အရ ထိုကျောင်းသားမှာ ကျောင်းဖွင့်စတွင်
ကျောင်းပတ်ဝန်းကျင်နှင့် မရင်းနှီးသော အတန်းထဲမှ ကျောင်းသားသစ်များအတွက်
ကိုယ်တိုင် ကျောင်းမြေပုံဆွဲပြီး လိုက်ဖြန့်ဝေခဲ့ကြောင်း....

“ထီထွင်ဉာဏ် တော်တော်ကောင်းတဲ့ကလေးပဲ။ အတန်းထဲကကျောင်းသားတွေနဲ့လည်း
သင့်မြတ်အောင်ပေါင်းတတ်တယ်။ လူချစ်လူခင်များပြီး စိတ်ကြီးမဝင်တတ်ဘူး။
သူ့ကို အတန်းခေါင်းဆောင် ၀ိုင်းမြှောက်ကြတယ်လေ” ဆရာမက ဂုဏ်ယူစွာပြောသည်။
ဆရာမဒေါ်ချယ်ရီမှာ တတိယတန်း(အေ) အတန်းပိုင်ဆရာမဖြစ်သည်။ ကျွန်မမှာ(စီ)
အတန်းပိုင်ဖြစ်ပြီး ထိုကဲ့သို့ ထူးချွန်သော ကျောင်းသားနှင့်
မကြုံလိုက်ရခြင်းအတွက် နှမြောမိသည်။

ဒေါ်ချယ်ရီမှာ စည်းကမ်းကြီးပြီး အသင်အပြကောင်းသော ဆရာမတစ်ဦးဖြစ်သည်။
ထိုကဲ့သို့ ထူးချွန်လိမ်မာသောအတန်း၏ အတန်းပိုင်ဆရာမဖြစ်ရသည်ကို
အားရကျေနပ်သူဖြစ်သည်။ အမြဲတမ်း ထိုကျောင်းသား၏ အကျင့်စရိုက်နှင့်
လိမ်မာရေးခြားရှိပုံကို ကျွန်မတို့အားပြောပြတတ်သည်။

“ကျွန်မအတန်းထဲက ဟိုခုံနံပါတ်(၉)လေ....” ဟု အစချီပြီး ပြောလိုက်သော
စကားတိုင်းက နားထောင်ရသူအဖို့ အားရကျေနပ်စရာကောင်းလှသည်။ သူ၏လုပ်ရပ်များက
အသက်(၇)နှစ်သာရှိသော ကျောင်းသား၏ လုပ်ရပ်များနှင့်ပင် မတူပေ။ အတန်းထဲရှိ
ကျောင်းသားများ၏ ထမင်းဘူးမှောက်သွားလျှင် သူ့ထမင်းကို တစ်ဝက်ခွဲပေးခြင်း၊
လဲကျသွားသော ကျောင်းသားကို ၀ိုင်းလှောင်နေကြသော သူများအား ဆိုဆုံးမခြင်း၊
ဆရာမ နေထိုင်မကောင်းသောအခါ ဆရာမကိုယ်စား အတန်းသားများအား
ကူထိန်းပေးခြင်းစသည်များကို ဆရာမလိုက်ဖြေရှင်းစရာ မလိုအောင်
သူ့ဘာသာပြုလုပ်သွားသည်။ ထိုကလေးနှင့် ပတ်သက်သော ချီးကျူးစကားကို
အမြဲကြားရသောကြောင့် ခုံနံပါတ်နှင့်တွဲပြီး သူ့အား ကျွန်မတို့က
လျှို့ဝှက်နံပါတ်(၉)ဟုသာ ခေါ်ကြသည်။

ထိုနံပါတ်(၉)မှာ ကူညီတတ်ရုံမက စာလည်းတော်သည်။ တစ်ခါက သူ့စာအုပ်ကို
ဒေါ်ချယ်ရီ ယူလာပြဖူးသည်။ စာအုပ်မှာ သပ်ရပ်သန့်ရှင်းပြီး လက်ရေးမှာ
ဝိုင်းစက်နေသည်။ တတိယတန်းကလေး၏ လက်ရေးနှင့်ပင် မတူပေ။

ဆရာမ၏ ပြောပြချက်အရ သူသည် သာမန်မိသားစုမှ ကြီးပြင်းလာသူဖြစ်သည်။ ဖခင်မှာ
ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်မှာအိမ်ဆိုင်ဖွင့်ထားသည်။ မိဘများက စီးပွားရေး
ရုန်းကန်နေရသောကြောင်း သူ့အား အချိန်ပြည့်ဂရုမစိုက်နိုင်ခဲ့ကြပါ။
သို့သော် သူသည် မိမိအသိစိတ်ဖြင့် ထူးချွန်အောင် ကြိုးစားခဲ့သည်။
ဒါကြောင့်လည်း ဆရာမဒေါ်ချယ်ရီက ဂုဏ်ယူစွာချီးမွမ်းခဲ့သည်။

ထိုကျောင်းသားအကြောင်းကို ကြားရတော့ ကျွန်မတို့ဆရာမများ
သက်ပြင်းကိုယ်စီချမိသည်။ တတ်နိုင်သော အချို့မိဘများက ကိုယ့်သားသမီး
ခေတ်နောက်မကျစေရန်၊ ဘ၀တွင် တာထွက်ကောင်းစေရန် သင်တန်းအမျိုးမျိုး
ပိုက်ဆံအကုန်ခံပြီး ပို့ပေးကြသည်။ သို့သော် တစ်ချို့သားသမီးများက
မိဘများနှင့် အပေးအယူ မမျှခဲ့ကြ၊ အခွင့်အရေးကို အလွဲသုံးစား
လုပ်ပစ်ကြသည်။

သီတင်းကျွတ် ကျောင်းပြန်ဖွင့်တော့ ဆရာမဒေါ်ချယ်ရီက သင်တန်းတက်ဖို့အတွက်
ခွင့်တစ်လယူသည်။ ဆရာမအစားထိုး ရှာမရသဖြင့် သူ့အတန်းကိုပါ
ကျွန်မတာဝန်ယူရသည်။ သူ့အတန်းကိုသင်ဖို့ ကျွန်မတက်ကြွနေမိသည်။
လျှို့ဝှက်သော နံပါတ်(၉) ကျောင်းသားနှင့် ကျွန်မကိုယ်တွေ့
ဆက်ဆံရမည်သောကြောင့် ဖြစ်သည်။

ပထမအချိန် နာမည်ခေါ်လူစစ်တော့ သူ့ကိုကျွန်မ သေချာကြည့်မိသည်။
အင်္ကျီဖြူအသစ်စက်စက်ကို ၀တ်ထားသော်လည်း ချေးညှော်များဖြင့် ညစ်ပတ်နေသည်။
မှိုင်တွေငေးမောနေပြီး သွက်လက်ဟန် မပြခဲ့ပေ။ ဒီတစ်ယောက်ပဲလား? ဆရာမ
အမြဲချီးကျူးတဲ့ ခုံနံပါတ်(၉)ကျောင်းသား?

သူ့နာမည်နှင့် ခုံနံပါတ်ကို ကျွန်မပြန်တိုက်ကြည့်သည်။ သေချာပါတယ်...
ကောင်းသတင်း အမြဲမွေးခဲ့တဲ့ ခုံနံပါတ်(၉)ကျောင်းသား....ကျွန်မစာစသင်တော့
စာတွေကို ပြန်နွေးပေးရင်း အရင်စာအဟောင်းတွေကို မေးကြည့်သည်။
ကျောင်းသားတိုင်းက အလုအယက် ဖြေဆိုကြသည်။ ခုံနံပါတ်(၉)ကျောင်းသား၏ အဖြေကို
ကျွန်မစောင့်မျှော်မိသည်။ သို့သော် အတန်းစတက်သည်မှ ဆင်းသည်အထိ
ငေးငိုင်နေပြီး ထိုင်နေရာမှ မရွေ့ခဲ့ပါ။ အားဖျော့သော မျက်လုံးဖြင့်
အင်္ကျီပေါ်က ကြယ်သီးကိုသာ စူးစိုက်ကြည့်နေသည်။

ဆရာမပြောထားတာနဲ့ တစ်ခြားစီပါလား? ကျွန်မတို့ အထင်ကြီးအောင်၊
သူ့အတန်းနာမည်ကောင်း ရဖို့အတွက် တမင်ပြောတာလား? ကျွန်မ
မယုံကြည်နိုင်အောင် ဖြစ်မိသည်။

ဆရာမတစ်ဦး၏ လုပ်သက်နှင့် အတွေ့အကြုံအရ တပည့်တစ်ဦး၏ အရည်အချင်းကို
အချိန်တိုတိုအတွင်းး အကဲခတ်ဖို့ရာ မခဲယှဉ်းလှပါ။
ကျွန်မစာသင်နေချိန်အတွင်း သူသည် အခြားကျောင်းသားများကို
နှောင့်ယှက်ခြင်း၊ အခြားသူများ၏ ပစ္စည်းများကို လုယူခြင်း၊ ရန်စပြီး
ဝန်မခံတတ်ခြင်း၊ အခြားကျောင်းသားများကို ရန်ရှာနေတတ်ခြင်းများကို
သူပြုလုပ်နေတတ်သည်။ ကျွန်မအလွန်သည်းခံပြီး သူ့ကို ဆိုဆုံးမဖူးသည်။
ဘာကြောင့် သူ့အပြုအမှုများက ဆရာမဒေါ်ချယ်ရီနှင့် ကျွန်မကြားတွင်
အခြားနားကြီး ခြားနားနေပါလိမ့်...?

ဆရာမဆီက ဖုန်းလာတိုင်း “ကျွန်မအတန်းက ကလေးတွေ လိမ်မာရဲ့လား?
အဆင်ပြေရဲ့လား?” ဒါကိုပဲ ဆရာမကမေးခဲ့သည်။ ဆရာမဆီက ဘာတစ်ခုမှ
လျှို့ဝှက်ဖုံးကွယ်ထားဟန်၊ မသင်္ကာဟန် မပြခဲ့ပါ။ ထိုကျောင်းသားနှင့်
ပတ်သက်ပြီး ဆရာမကို ကျွန်မအကျိုးအကြောင်း မမေးရဲခဲ့။ တစ်ခြား
ဆရာမများကိုလည်း ထိုကျောင်းသား၏အဖြစ်ကို ကျွန်မရင်မဖွင့်ရဲခဲ့။ ကျွန်မကပဲ
အသင်အပြ မကျွမ်းကျင်လို့လား၊? သူနားလည်အောင် မရှင်းပြတတ်လို့ပဲလား?
ဒီကလေး ကျွန်မကိုများ ပညာစမ်းနေသလား? ယုံမှား သံသယစိတ်များက ကျွန်မအား
ဝါးမြိုမိမတတ် ခံစားမိသည်။

ဒေါ်ချယ်ရီ အတန်းကိုသင်ဖို့ ခေါင်းမညိတ်ခဲ့မိရင် အကောင်းသားဟု တစ်ခါတရံ
ကျွန်မနောင်တရမိသည်။ ကျွန်မ မသင်ခဲ့မိလျှင် နံပါတ်(၉)နှင့် ပတ်သက်ပြီး
သူ၏ကောင်းသတင်းများကိုသာ ကျွန်မကြားရဦးမည်။ ကျွန်မစာသင်တိုင်း
အနှောင့်အယှက် တစ်မျိုးမဟုတ်တစ်မျိုး ပေးတတ်သော သူကြောင့် မကြာခဏ
ကျွန်မဒေါသထွက်စရာ မလိုတော့။ ကိုယ်တွေ့သင်မိကာမှ အထင်နှင့်အမြင်မှာ
လုံးဝကွဲပြားနေခဲ့သည်။ ကျွန်မလာသင်မှ ဒီကလေးပျက်စီးသွားမည်ဆိုလျှင်
ဆရာမများကြား ကျွန်မလည်း မျက်နှာပန်းလှတော့မည် မဟုတ်။ အရာတိုင်းက ကျွန်မ၏
အသင်အပြမကောင်းသော အားနည်းချက်သာဖြစ်ခဲ့ပါလျှင် ထိုအားနည်းချက်ကို
ကျွန်မကောင်းကောင်း ပြုပြင်ရဦးမည်။

သို့နှင့် သူ့အား အခြားကျောင်းသားများထက် ကျွန်မအချိန်ယူပြီး
အားသွန်ခွန်စိုက်သင်ခဲ့သည်။ အားလပ်ချိန်များတွင် သူ့အား
ကျွန်မအနားသို့ခေါ်ပြီး စကားပြောခြင်း၊ သူတစ်ပါးအား ကူညီတတ်အောင်
သင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။ အတန်းသားများအား ကျွန်မမေးခွန်းတစ်ခု
မေးတိုင်း သူ့အဖြေကို စောင့်မျှော်နေဟန်ဖြင့် သူ့အားစောင်းငဲ့ကြည့်မိသည်။
သို့သော် ဖြေဖို့အလုအယက် လက်မြှောက်ကြသော ကလေးများထဲတွင် သူမပါခဲ့ပေ။

တစ်ရက်တွင် နံပါတ်(၉)မှ အမှတ်မထင် မြှောက်လိုက်သော လက်ကိုကြည့်ပြီး
ကျွန်မမှာ ထီပေါက်သောသူကဲ့သို့ ၀မ်းသာပျော်ရွှင်မိသည်။ သူဖြေလိုက်သော
အဖြေမှာလည်း ကျွန်မထင်ထားတာထက်ပင် အချက်အလက် စုံညီခဲ့သည်။ သြဘာသံများက
တစ်တန်းလုံးကို လွှမ်းသွားခဲ့သည်။ ဒါကြောင့် ဆရာမဒေါ်ချယ်ရီ
အမြဲချီးမွမ်းနေတတ်ဖြစ်မည်။ ဒီလိုနှင့် ကျွန်မတို့နှစ်ဦးကြား အပြန်အလှန်
ဆက်ဆံမှုက နွေးထွေးစွာပြောင်းလဲခဲ့သည်။ ကျွန်မစာသင်ချိန်တွင် စိတ်ဝင်တစား
နားထောင်တတ်လာပြီး သင်သမျှစာကိုလည်း မှန်မှန်လုပ်လာတတ်သည်။ ရှိရင်းစွဲ
သူ့အရည်အချင်းများက တဖြေးဖြေးသိသာလာခဲ့သည်။ ထိုအခါမှ ကျွန်မလည်း
သက်ပြင်းချနိုင်တော့သည်။ သို့မဟုတ်လျှင် စာရိတ္တကျောင်းသားတစ်ဦး
ကျွန်မလက်ထဲရောက်မှ ပြဿနာကျောင်းသား ဖြစ်ခဲ့ပါလျှင် ဘယ်လောက်
ရှက်စရာကောင်းလိုက်မလဲ။ ကျွန်မ၏ ဂရုစိုက်မှုများက ထိုနံပါတ်(၉)
ကျောင်းသားအပေါ် အခြားကျောင်းသားများထက်ပင် ပိုလွန်းနေသည်။
ကျောင်းသားကောင်းတစ်ဦးအပေါ် ဒီလောက်ဂရုစိုက်မှုကလည်း ရှိသင့်သည်ဟု
ကျွန်မထင်သည်။

ခွင့်ရက်စေ့ပြီး ဆရာမဒေါ်ချယ်ရီ ပြန်ရောက်လာသည်။ ဆရာမကို တွေ့တွေ့ချင်း
ကျွန်မမှာဝမ်းသာအားရ ဖောက်သည်ချမိသည်။

“ကလေးတွေ လိမ်မာလိုက်ကြတာ။ ဟိုကျောင်းသားလေးဆို ဆရာမ ချီးကျူးတာ
လိုတောင်လိုနေသေးတယ်။ ထူးချွန်တာမှ အရမ်းပဲကွယ်”

ကျွန်မစကားကို ကြားတော့ ဆရာမ စက္ကန့်သုံးဆယ်မျှ ကျွန်မကို
ကြောင်ကြည့်နေသည်။ ကျွန်မပြောသမျှကို နားမလည်ဟန် ပြခဲ့သည်။

“ဆရာမအမြဲပြောတဲ့ ဟိုခုံနံပါတ်(၉) ကျောင်းသားလေးလေ။ ကြီးလာရင်
ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်မယ်ဆိုတဲ့ ကလေးလေးလေ”
“ ဘယ်က ခုံနံပါတ်(၉)ကလေးလဲ..?”

ဒေါ်ချယ်ရီမှာ တအံ့တသြဖြင့် ကျွန်မကို ပြန်မေးသည်။ နောက်မှ တစ်ခုခုကို
သဘောပေါက်သွားဟန်ဖြင့်...

“အော်.. အဲဒီကလေးလား..? သူ့အဖေ နယ်ပြောင်းရမယ်ဆိုလို့ သီတင်းကျွတ်
ကျောင်းမပိတ်ခင်ကတည်းက ပြောင်းသွားပြီလေ။ နောက်ယောက်ျားလေးအသစ်တစ်ယောက်
ရောက်လာလို့ အဲဒီခုံမှာပဲ ထိုင်ခိုင်းခဲ့တာ။ အသစ်ပြောင်းလာတဲ့ကလေးက
တော်တော်ဆိုးတယ်။ အမြဲရန်လိုနေတတ်တယ်။ အတန်းထဲက ကလေးတွေ
သူနဲ့အခေါ်အပြောနည်းကြတယ်။ တစ်ခြားဘာသာ သင်တဲ့ ဆရာမတွေ ကျွန်မရောက်လာတာနဲ့
သူ့အကြောင်းတိုင်ကြတယ်။ ဆရာမတစ်ယောက်ပဲ သူ့ကိုချီးကျူးတာ။ ဒါလား
သူ့စာအုပ်? မယုံနိုင်စရာပဲ။ ပြောင်းလာစ သူ့စာအုပ်က အဖုံးတောင် မရှိပါဘူး။
တစ်လအတွင်း ဆရာမ ဘယ်လိုသင်လိုက်တာလဲဟင်?”

ဗလာစာအုပ်ကို မယုံနိုင်စွာ လှန်ကြည့်ရင်း ဆရာမဒေါ်ချယ်ရီ ပြောသည်။
ကျွန်မကို ၀ါးမြိုမတတ်ဖြစ်ခဲ့သော သံသယစိတ်များက အခုမှ ကင်းစင်လာခဲ့သည်။
အော်... မတူညီခဲ့ကြတဲ့ လျှို့ဝှက်နံပါတ်(၉)တွေကိုး။ ဇာတ်ရည်လည်လာမှ
ကျွန်မ အားရကျေနပ်စွာ ပြုံးမိသည်။ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုလည်း
ဆရာမအား ကျွန်မ ရှင်းပြမနေချင်တော့။ ဒါဟာလည်း ကျွန်မနှင့် ကျွန်မအတွက်
လျှို့ဝှက်ချက်သာဖြစ်သည်။

ဉာဏ်ကောင်းထူးချွန်သော ကျောင်းသားတစ်ဦးကို ချီးကျူးတာထက်
ဆိုးသွမ်းသောကျောင်းသားတစ်ဦးကို ပြုပြင်ပြောင်းလဲနိုင်လိုက်ခြင်းကို
ကျွန်မပိုဂုဏ်ယူမိသည်။ နွံနစ်နေသော အဖိုးတန် ပတမြားတစ်လုံးအတွက်
အညစ်အကြေးကို သန့်စင်ပေးသော ရေကြည်တစ်ပေါက်ဖြစ်အောင်
ကျွန်မကြိုးစားရဦးမည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့်
ကလေးတိုင်းသည် လျှို့ဝှက်နံပါတ်(၉) ဖြစ်နိုင်ကြောင်း
ကျွန်မမျှော်လင့်မိသည်။


မူရင်းရေးသားသူ -- Zou Duì Lián (ထိုင်ဝမ် ကလေးစာပေစာရေးဆရာ)၏
စာတစ်ပုဒ်အား ဆီလျော်အောင် ဘာသာပြန်သည်။

နိုင်းနိုင်းစနေ (Friday, April 04, 2008)

Tuesday, 25 March 2014

ဒါလားကွယောက်ကျား







ဝုန်း...

ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။


နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။

ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။


အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။

ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက် သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။


မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာ လား။
မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။

ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။

ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။

ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘော ထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။

ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။

ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါ တယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။

အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင် သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင် တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။

အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။

ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။

ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။

ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။

ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။

ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။

ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။

ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။


ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။

အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။

ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေး လိုက်ပါတယ်။

အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။

မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင် တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့  လိုက်ပြီး တွေ့ ခဲ့ရ တယ်။

ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက် တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုး ထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။

ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။

မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြ ချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

 ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းက လေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ် လောက်ချစ်တာ စုံနေတာပါပဲကွာ။

တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့ မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင် မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင် ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်း တဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ

ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင် တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက် ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြ တာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။

ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့ တယ်ငါ့တူရယ် ။။။။။။။။။


ကိုမောင်မောင်(ရွှေမြို့ တော်)

ယောက်ျားလေးတွေသိထားသင့်သော(၁၂)ချက်




(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။

ရင်သားရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။

ဦးနှောက်လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့မိန်းမလည်း မရှိပါဘူး။

(၂) မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။

(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ်။

(၄) ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့ မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို သူ့ထက်ပိုကြိုက်တယ်လို့ သူထင်လိမ့်မယ်။

(၅) သူအင်္ကျီအသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် "ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော်"လို့ ပြောပါ။ ထက်မြက်တဲ့သူ သင့်အပြောကို သဘောပေါက်ပါလိမ့်မယ်။

(၆) "မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့" လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစားမှု (Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။

(၇) သူတစ်ယောက်ထဲ နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။ "နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ" လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။

(၈) သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့... မိန်းကလေးတွေဟာ ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။

(၉) အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။

(၁၀) မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့ နောက်ဆုံးမှာ သူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။

(၁၁) မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့သူကို "လွန်ကဲ"တယ်လို့ အပြစ်မဆိုပါနဲ့။

(၁၂) ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။ တကယ်လို့ သူခွင့်လွတ်နိုင်ရင်လဲ ကိုယ်သာသူ့နေရာမှာဆိုရင် ဆိုတာကို တွေးပြီးစာနာကြည့်ပေးပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

ညီမလေးအတွက် စကားလက်ဆောင် (၄၀)




ညီမလေးရေ...

သွားက အရမ်းကိုက်နေရင် အစားစားလို့ မကောင်းတော့ဘူး။ ခဏတဖြုတ်ပဲ ကိုက်တယ်။ ဆေးကုရင် ပျောက်ကင်းနိုင်တယ်ဆိုရင်တော့ အဲ့ဒီသွားကို ဒီအတိုင်း ထားတာကောင်းတယ်။ ခဏခဏ ကိုက်တယ်။ ဆေးကုတာတောင် မပျောက်ဘူး ဆိုရင်တော့ အဲ့ဒီသွားပာာ ဒီအတိုင်း ထားတာထက် နှုတ်လိုက်တာက ပိုကောင်းပါတယ်။

မိမိချစ်သူက သစ္စာဖောက်လာတယ်။ အချိန်မရွေး မူးယစ် သောက်စားနေတယ်။ မိဘ ပိုက်ဆံထိုင်ဖြုန်းပြီး ဆိုးချင်တိုင်း ဆိုးနေတယ်ဆိုရင် အဲ့ဒီလူပာာ လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်။

ကိုယ့်ပါးစပ်ထဲက သွားတောင် ကိုယ့်ကို ဒုက္ခပေးလာရင် နှုတ်ရသေးတာပဲ။ ကိုယ့်အပေါ် မကောင်းတဲ့လူကို လမ်းခွဲရတာပာာ သွားတစ်ချောင်း နှုတ်တယ်လို့ပဲ သဘောထားပေါ့။

တစ်ချောင်းပြီး တစ်ချောင်းနှုတ်လိုက်တာ သွားဖုံးပဲ ကျန်တော့တဲ့ အခြေနေတော့ ဆင်ခြင်ပေါ့။

နောက်ပြီး ချစ်သူဘ၀မှာ ဘယ်တော့မှ အဆုံးစွန်ထိ မပေးဆပ်ပါနဲ့။ ရိုးအီသွားတတ်ပါတယ်။ ရိုးအီသွားရင် နောက်တစ်ယောက် ထပ်ရှာလိမ့်မယ်။ မရှာရင်တောင် သူက အညှာလွယ်တယ်လို့ မြင်သွားလိမ့်မယ်။ အဲ့ဒီ အမြင်ဆိုးပာာ ချစ်သူကို ကွဲကွာတတ်တယ်။ အခုညီမလေးတို့မှာ ချစ်သူမရှိသေးပေမယ့် ဒါပာာ ကြိုသိထားရပါမယ်။

ချစ်သူရှိလာရင် ခွဲခိုင်းတဲ့လူပာာ အားလုံးရန်သူပဲ။ မိဘကိုလည်း ရန်သူလို့ မြင်တတ်တယ်။ မည်းမည်းမြင်ရာ ခဲနဲ့ ပေါက်ချင်တတ်တယ်။ အဲ့လို စိတ်ရိုင်းမျိုးကိုလည်း သတိနဲ့ ဆင်ခြင်သင့်တယ်။

ချစ်သူကို အကြွင်းမဲ့ မယုံပါနဲ့ ။သံသယ ၀င်ခိုင်းနေတာ မပာုတ်ဘူးနော်။ လူ့စိတ်ဆိုတာ ပြောင်းလဲတတ်လို့ပါ။

ချစ်သူရှေ့မှာ အ၀တ်အစားကို လုံလုံခြုံခြုံ ၀တ်ပါ။ဒါပာာ အရမ်း အရေးကြီးပါတယ်။ ချစ်သူကို စိတ်ရိုင်း ၀င်စေတတ်ပါတယ်။

ဒီလောက်ဆို သဘောပေါက်မှာပါ။ ပညာနဲ့ ဆင်ခြင်ပြီး ဘ၀ခရီးဖော် ပါရမီဖြည့်ဘက်ကို ရှာပါလို့ နောက်ဆုံး အကြံပေးချင်ပါတယ်။

 ပြည်ငြိမ်း

ညီမလေးအတွက် စကားလက်ဆောင်(၃)


ညီမလေးရေ.....
လူမှုဆက်ဆံရေးနယ်ပယ်မှာ လူရာဝင်ဖို့ပာာ အင်မတန် အရေးကြီးပါတယ်။
ညီမလေးကို လူရာမ၀င်ဘူးလို့ ပြောတာမပာုတ်ဘူးနော်။
 မေ့လျော့နေတဲ့ အချက်ကလေးတွေကို သတိပေးချင်တာပါ ။

 စောစောက ပြောတဲ့ လူရာဝင်ဆိုတဲ့စကားပာာ
သာမန် လူရာဝင်ခြင်းမျိုးကို ဆိုလိုတာမပာုတ်
ပါဘူး။မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းကို ဆိုလိုတာပါ။ အဲ့ဒီလို လူရာဝင်ဖို့ ညီမလေးမှာ
ဆောင်ထားသင့်တဲ့ အချက်တွေရှိတယ်။

အရင်ဆုံး လူတွေကို နားလည်ပေးနိုင်အောင်
ကြိုးစားရပါမယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ
က အပြစ်တင် ရှုပ်ချ လာမယ်ဆိုရင် သာမန်အားဖြင့် ဒေါသနဲ့ တုံ့ပြန်မိမှာပါ။ သူတို့
ကြောင့် ဒေါသဖြစ်မိတယ်ဆိုရင် ကိုယ် ကိုယ်တိုင်ပဲ ကျရှုံးပါလိမ့်မယ်။
 ဒေါသဖြစ်ပြီး စိတ်လှုပ်ရှားရင် ဘာပဲလုပ်လုပ် အမှားပဲဖြစ်မှာပါ။
 ဒါကြောင့် အမှားနည်းအောင် ဒေါသကို လျှော့ချရပါမယ်။ ဒေါသကို လျှော့ချချင်ရင် ရန်
သူကို နားလည်ပေးလိုက်ပါ ညီမလေး။

နောက်တစ်ချက်က စကားချိုသာရပါမယ်။
ဥသြငှက်ပာာ ရုပ်မလှပေမယ့် လူတွေမြတ်နိုး
ကြတယ်ညီမလေး။ ဘာကြောင့်လဲဆိုတော့
သူ့ရဲ့အသံက အင်မတန်ချိုသာလို့ပါ။ စကားကို ချိုသာစွာပြောတာပာာ လူတိုင်း နားဝင်ချိုတယ်လေ။
 ရိုင်းစိုင်းစွာပဲပြောပြော ချိုသာစွာပဲဆိုဆို ဆိုလိုချင်တာက တစ်ခုတည်းပါ
ညီမလေး။ ဒါ့ကြောင့် လူချစ်လူခင်များပြီး လူရာဝင်ဖို့အတွက်
 စကားကို ချိုသာစွာပြောဆိုရပါမယ်။

နောက်တစ်ခုက ကတိတည်ဖို့ပါပဲ။ ကိုယ့်ပါးစပ်က ပြောလိုက်တဲ့စကားတစ်ခွန်း
ပာာ ခိုင်မာနေမယ်ဆိုရင် စာချုပ်မလိုပါဘူး။
ကတိတည်မှ ယုံကြည်မှုရှိမှာပါ။ ယုံကြည်မှုရှိ
မှ မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းမျိုး ဖြစ်လာမှာပါ။

အရေးအကြီးဆုံးက အတ္တနဲ့ ပရ မျှဖို့ပါပဲ။
ပရချည်းဆိုရင် ရပ်တည်လို့ မရပါဘူး။ ပရတွေ
များများလုပ်ဖို့ အတ္တနည်းနည်း ထားပေးပါ။

ကိုယ့်ရှေ့မှာ လူတစ်ယောက်ပာာ မှားယွင်းနေမယ်ဆိုရင် သူ့ကို အမှန်မြင်တတ်လာအောင် နားချပေးပါ။
စည်းရုံးပေးပါ။ အမှန်တရားကို မြတ်နိုးပါ ညီမလေး။

စိတ်ကို တည်ငြိမ်အောင်ကြိုးစားပါ။ စိတ်နှလုံး
တည်ငြိမ်အေးချမ်းနေမယ်ဆိုရင် အသက်ဘေး
နဲ့ကြုံတွေ့လာရင်တောင် မထိပ်လန့်ဘူး ညီမလေး။ စိတ်ငြိမ်ရင် အမှားလည်းနည်းလာ
ပါတယ်။ အမှားနည်းမှ ယုံကြည်မှုရှိလာမှာပါ။

အပြစ်ကို ၀န်ချတောင်းပန်ပါ။ ကိုယ့်မှာအပြစ်ရှိ
နေရင် မသိချင်ယောင်ဆောင်တာပာာ နိမ့်ကျတဲ့ အောက်တန်းစားစိတ်ဓာတ်ပါ။အပြစ်ကို ၀န်ခံ
ပြီး နောက်ထပ်အမှားမလုပ်ဖို့ ကတိပေးပါ။

ဒီလောက်ဆိုရင် မပာာလူသားဆန်တဲ့ လူရာဝင်ခြင်းဖြစ်လာဖို့ လုံလောက်ပါတယ် ညီမလေး။
နောက်မှ ဆက်ပြောပါအုံးမယ်။

အားလုံးကို ခင်မင်လေးစားလျက်
ပြည်ငြိမ်း
Myawady News

ညီမလေးအတွက်♥♥♥♥♥♥

ညီမလေးရေ ဖြစ်ချင်တာနဲ့ 
ဖြစ်သင့်တာကို ရွေးချယ်တတ်ပါစေ

ခေတ်ရဲ့ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေ
လျှော့ပြီး ဘ၀ဆိုတဲ့ လောကကြီးထဲမှာ
တန်ဖိုးရှိအောင်နေပါ

ရခဲလှတဲ့လူဘ၀နဲ့ ကြုံခဲလှတဲ့ သာသနာမှာ
အကျိုးရှိစွာ ဖြတ်သန်းနိုင်ပါစေ
ညီမလေး

လောကဓံဆိုတာ လူလောကမှာ ဒုက္ခတွေလည်း
ကြုံမှာပဲ ဥာဏ်နဲ့ယှဉ်ပြီး အသိပညာကြွယ်စွာ
လျှောက်လှမ်းပါ ညီမလေး

ခေတ်ရဲ့ တိုးတက်မှုနဲ့ ဆုတ်ယုတ်ခြင်းကို
ခွဲခြားပိုင်းဖြတ်နိုင်ပါစေ
ညီမလေး

အပျော်အပါးလျှော့လို့  လောကအကျိုးသယ်ပိုးနိုင်တဲ့
အမျိုးကောင်းသမီးလေးဖြစ်စေချင်တယ်
ညီမလေး

မလုံမခြုံအ၀တ်အစားဝတ်မှ လှတာမဟုတ်ပါဘူး
ညီမလေးကို ချစ်တဲ့သူကိုမေးကြည့်ပါ
သူဖြေမှာကရိုးသားပြီး မြန်မာဆန်တဲ့
ပုံရိပ်လေးကိုပဲတောင်းတမိမှာပါ
မြန်မာဝတ်စုံလေးကလည်း ညီမလေးကို တမျိုးဆန်းသစ်
လှပကျော့ရှင်းစေမှာပါ ညီမလေး

မိဘတွေ ကျေးဇူးဆပ်နိုင်တဲ့
သမီးလိမ္မာလေးဖြစ်ခွင့်ရအောင်
ကြိုးစားလို့ ဆောင်ရွက်နိုင်ပါစေ
ညီမလေး

မိသားစုထဲစံပြသူလေးလည်းဖြစ် ပတ်ဝန်းကျင်ရဲ့ 
လေးစားရတဲ့သူလေးလည်းဖြစ်ပါစေ
ညီမလေး

ပြဿနာ ကြုံတိုင်း အလွယ်နည်းကို
မသုံးမိပါစေနဲ့  လွယ်လွန်းရင် ပျက်တတ်တယ်
ညီမလေး

မြန်မာလူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်ပါစေ
အနောက်တိုင်းရဲ့ လူနေမှုစနစ်ကို အတုယူ
မမှားမိစေနဲ့  ညီမလေး

သူ့ အိုးနဲ့ သူ့ ဆန်တန်ရုံပေါ့
ရတာလေးနဲ့ ရောင့်ရဲတတ်ပါစေ
မမှီတာမှန်းရင် ဘ၀ပျက်တတ်သလို
မိသားစုနဲ့ ဂုဏ်သိက္ခာ ကျတတ်တယ်
ညီမလေး

ရှေ့ ဆက်ရမယ့်အနာဂတ်မှာ
ညီမလေးရင့်ကျက်တည်ငြိမ်စွာ
လျှောက်လှမ်းနိုင်ပြီး လောကီ လောကုတ်
နှစ်ဖြာအကျိုးသယ်ပိုးနိုင်ပြီး
မိသားစုနဲ့ တိုင်းပြည်ဂုဏ်ဆောင်နိုင်တဲ့
မြန်မာ အမျိုးကောင်းသမီးလေး ဖြစ်ပါစေ
ညီမလေး


လမင်းငယ် (စာရေးသူ)
http://laminnge528.blogspot.com/2012/01/blog-post_16.html

စီးကရက် ပုံပြင်

"နိုင်းနိုင်းစနေရဲ့ ဘာသာပြန်လက်ရာလေးပါ

"ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ သူမ သိလည်း မသိသလို နေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။

“ဆေးလိပ်သောက်လို့ ကောင်းလား” မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။

“မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး”

“ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ”

“နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး”

သူမနဲ့ သိစက သူဒီထက် အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။

ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ ဆေးလိပ်နံ့က သူမကို အသိပေးသလို ဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နှုးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝ မပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော် ကြာတတ်တယ်။

“ဘာလို့ တိတ်ဆိတ်နေရတာလဲ”

“ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား”

“သောက်.. သောက်.. တယ်” လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကို တွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။

“တစ်လိပ်ထဲပါ.. မလိမ်ပါဘူး”

“ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား”

ကြည်နှုးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက် ပျက်ပြီပေါ့။

“ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ”

“ကျွန်မက ရှင့်အတွက် ပြောနေတာ။ ဒါကို ရှင်သိလား”

သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ် တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့ မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။

“ကျွန်မကို ဂတိပေးပါ။ နောက်ဆုံး ၃လိပ်သောက်ပြီးရင် လုံးဝ မသောက်တော့ဘူးလို့”

သူ စိတ်ထိခိုက်ပြီး ဘာပြောရမှန်း မသိတော့ဘူး။ ချက်ချင်း ဘယ်လိုဖြတ်ရမလဲ..? ဒါပေမဲ့ ချစ်စိတ်ကြောင့် သူမ စိတ်ချမ်းသာအောင် ခေါင်းသွင်သွင် ညိတ်လိုက်မိတယ်။

ဆေးလိပ်ကို ချက်ချင်းဖြတ်လို့ မရမှန်း သူမလည်း သိနေတယ်။ သူ့ရဲ့ မတင်မကျ ဆုံးဖြတ်ချက်ကို သူမ အကောင်အထည်ဖော်ပြီး သူ့ကို ဆေးလိပ်ကူဖြတ်ပေးတယ်။ ဆေးလိပ်ဖြတ် ချိုချဉ်၊ ဆေးလိပ်ဖြတ် ဆေးတွေ သူ့အတွက် ၀ယ်လာတယ်။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူး။

“ကျွန်မ ဆေးလိပ်သောက်သင်မယ်။ နောက်ဖြတ်မယ်။ ဖြတ်ပြီး ကျွန်မ ဘယ်လိုဖြတ်ခဲ့တယ်ဆိုတာ ရှင့်ကို ပြန်ပြောပြမယ်လေ”


“မ အ ပါနဲ့ကွာ.. ဘယ်သူက အဲလို လုပ်ဖူးလို့လဲ”
သူမခေါင်းကို ငြင်သာစွာခေါက်ရင်း သူပြောတယ်။

“အသုံးဝင်မယ် ထင်လို့ပါ”

“ဆေးလိပ်နံ့ ခံနိုင်တာလည်း မဟုတ်ဘဲနဲ့ ဇွတ်မလုပ်ချင်ပါနဲ့ကွာ”

“ဒါဆို ရှင်ဘယ်အချိန်မှ လုံးဝဖြတ်လို့ရမှာလဲ”

“အတတ်နိုင်ဆုံး ဖြတ်နေတာပဲ” သူမခေါင်းကို ပွတ်သပ်ရင်း သူဖြေတယ်။

“ရှင့်ကို ကျွန်မအရမ်းချစ်တယ်။ ရှင့်ကို ကျွန်မ မဆုံးရှုံးချင်ဘူး” ပြောရင်း သူမ ငိုတယ်။

“မငိုပါနဲ့... ကွာ”

တစ်ခါက မြို့ထဲ သူတို့ထွက်လည်ကြတော့ လမ်းဘေးက ဓာတ်ပုံရိုက်စက်မှာ သူ့ကိုအတင်းဆွဲပြီး ပုံနှစ်ပုံရိုက်ခဲ့တယ်။ တစ်ပုံကို သူ့ပိုက်ဆံအိတ်ထဲ ကပ်ပေးရင်း....

“ဆေးလိပ်သောက်တဲ့အချိန်တိုင်း ပုံထဲက ကျွန်မကိုကြည့်နော်”

ဒီလိုနဲ့ ဆေးလိပ်ဖြတ်မယ်၊ မဖြတ်ဘူး ဆိုတာနဲ့ပဲ လွန်ဆွဲနေမိတယ်။ လမ်းခွဲစကားကို သူမ စပြောလာတယ်။ ဖုန်းတစ်ဖက်မှာ တစ်ညလုံး တိတ်တဆိတ် သူတို့ ငိုကြွေးခဲ့ကြတယ်။ သူမ အိပ်ရာဝင်မှ သူဖုန်းချပြီး သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ခဲ့ကြတယ်။

အလုပ်ထဲမှာပဲ သူ့ဘ၀ကို နစ်မြုပ်လိုက်တယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကို သူ မကြိုးစားတော့ဘူး။ သူနဲ့ လမ်းခွဲပြီးနောက် သူမကတော့ ဘာမှ မဖြစ်ခဲ့သလိုပဲ။ ဒါပေမဲ့ ဘေးမှာ တစ်ခုခု လိုနေတာကို သူမခံစားမိတယ်။ ဆေးလိပ်သောက်သူတွေ တွေ့တိုင်း၊ ဆေးလိပ်နံ့ ရှုမိတိုင်း သူ့ကိုယ်ပေါ်က၊ သူ့ရင်ခွင်က ဆေးလိပ်နံ့ကို သူမ သတိရနေမိတယ်။ ဆေးလိပ်နံ့က သူမအတွက် သူ့ကို သတိရစေတဲ့အနံ့ ဖြစ်ခဲ့တယ်။

သူမ ဆေးလိပ်စသောက်နေမိပြီ။
ပထမတစ်လိပ် သူ့ကို ပိုသတိရသွားတယ်။
ဒုတိယတစ်လိပ် အငွေ့တွေကို တစ်ခန်းလုံးလွှမ်းအောင် မှုတ်ထုတ်မိတယ်။ တစ်လိပ်ပြီး တစ်လိပ်.... အိပ်ရာခင်းတွေကအစ အရင်က သူမ မနှစ်သက်ခဲ့တဲ့ သူ့အိပ်ရာခင်းလိုဖြစ်အောင် အငွေ့တွေ မှုတ်ထုတ်မိတယ်။ ဆေးလိပ်ငွေ့တွေ ရှုပြီး မူးနောက်လာမှ သူမ အိပ်ပျော်သွားတတ်တယ်။

သူမ ဆေးလိပ် မသောက်ရ မနေနိုင်တော့ဘူး။ အသည်းကွဲလို့ ထွက်ပေါက်ရှာတာလား..? အရွဲ့တိုက်ချင်လို့လား..?သူမ ဘာမှ သေချာမသိတော့ဘူး။ သူမသိတာက ဆေးလိပ်သောက်ဖို့ပဲ။

နှစ်တစ်နှစ် ကုန်သွားခဲ့တယ်။ မမျှော်လင့်ဘဲ နေရာဟောင်းမှာ သူတို့ပြန်ဆုံကြတယ်။ နှစ်အတော်ကြာ ကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းလိုပဲ ကမ်းစပ်ဘေးကို သူတို့ရောက်သွားပြန်တယ်။ ရုပ်ကျသွားတဲ့ သူမကိုတွေ့တော့ သူ့ကြောင့်ဖြစ်ရတယ်ဆိုပြီး သူစိတ်မကောင်းဖြစ်မိတယ်။ သူမ ဆေးလိပ်တစ်လိပ် ထုတ်ပြီး မီးညှိလိုက်တယ်။

“ဆေးလိပ်သောက်တယ်” အံ့သြတဲ့ ပုံစံနဲ့ သူမေးတယ်။
“အင်း.. သောက်ပါဦး”
“တော်ပြီ... ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ”
“အော်.. ဘယ်တုန်းကလဲ” သူဆေးလိပ်ဖြတ်နိုင်တာကို သူမ အံ့သြမိတယ်။

“နှစ်ဝက်လောက်ရှိပြီ။ ကျွန်တော် သိပ်ချစ်တဲ့ ကောင်မလေး တစ်ယောက်ကြောင့်”

သူမ နှုတ်ဆိတ်သွားမိတယ်။ လက်ကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်က တုန်ခါနေတယ်။ အရင်က သူဆေးလိပ်ဖြတ်ဖို့ သူမမျှော်လင့်ခဲ့ဖူးတယ်။ အခု သူမကိုယ်တိုင် ဆေးလိပ်စွဲနေတယ်။ ကျဆုံးခြင်း၊ ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေက သူမရင်ဝကို လာဆောင့်တယ်။ ဘာဆက်ပြောရမှန်း မသိလို့ လက်ထဲက ကျန်နေတဲ့ ဆေးလိပ်ပိုပဲ သူမ ဆက်သောက်နေမိတယ်။

“ဘယ်တုန်းက ဆေးလိပ်စသောက်တာလဲ”

“နှစ်ဝက်ရှိပြီ။ ကျွန်မ သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်”

“သူ့ကို ဆေးလိပ်ဖြတ်စေချင်လို့ လိုက်သောက်တာလား”

သူမမှာ နောက်ထပ် ကောင်လေးတစ်ယောက်ရှိတယ် အထင်နဲ့ သူမေးလိုက်တယ်။

“မဟုတ်ဘူး။ သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ကို ကျွန်မ တမ်းတနေမိလို့”

သူတစ်ချက် တွေဝေသွားတယ်။ သူ့ကြောင့်လား... ပိုက်ဆံအိတ်ကို သူဖွင့်ပြီး အရောင်လွှင့်စပြုနေတဲ့ ဓာတ်ပုံကို သူကြည့်လိုက်တယ်။

“ဒီဓာတ်ပုံထဲက ကောင်မလေးကြောင့် ကျွန်တော် ဆေးလိပ်ဖြတ်လိုက်တာ။ သူမအနားမှာပဲ ကျွန်တော် ပြန်နေချင်လို့ ဆေးလိပ်ဖြတ်လိုက်တာ”

သူ့ကို သူမ ငေးကြည့်မိတယ်။ မျက်ရည်တွေက ပါးပြင်ထက် လျှောကျလို့လာတယ်။

“ကျွန်တော် ဆေးလိပ်ဖြတ်လိုက်ပြီ။ ကျွန်တော်ဘယ်လို ဖြတ်ခဲ့တယ်ဆိုတာကို ပြန်ပြောပြမယ်လေ”

သူ့စကားကြောင့် သူမ ပြုံးလိုက်မိပါတယ်။

ပျော်ရွှင်ခြင်း၊ ကြည်နှုးခြင်းကို တကယ်သိတတ် နားလည်တတ်ရင် ရယူဖို့ဆိုတာ လွယ်ကူပါတယ်။ လွယ်ကူလွန်းလို့ တစ်ခါတရံမှာ မယုံကြည်နိုင်အောင်ဖြစ်ပြီး လက်လွှတ်ဆုံးရှုံးမိတတ်တယ်။
 
နိုင်းနိုင်စနေ




မောင်နှမ အချစ် (ရင်ကို စူးရှ ထိဝင်သွားသည့် ဇာတ်လမ်းလေး တစ်ပုဒ်)



ကျမမှာ ကျမထက် သုံးနှစ်ငယ်တဲ့ မောင်လေး တစ်ယောက် ရှိတယ်။ ကျွန်မဟာ ကိုယ့် ပတ်ဝန်းကျင်က မိန်းကလေးငယ်လေးတွေ အားလုံးလိုလိုမှာ ရှိကြတဲ့ လက်ကိုင်ပုဝါလေး တစ်ထည်ကို ဝယ်ချင်ခဲ့တယ်။ ဒါကြောင့်မို့ ကျမဟာ တစ်နေ့မှာတော့ ဖေဖေ့ စားပွဲအံဆွဲထဲက ငွေ ပြာငါးဆယ်ကို ခိုးယူမိပါတယ်။

ချက်ခြင်းဆိုသလိုပဲ ဖေဖေက ငွေပျောက်သွားတာကို သိပါတယ်။ ဖေဖေက ကျွန်မကိုရော မောင်လေးကိုပါ နံရံကို မှီပြီး ဒူးထောက်စေပါတယ်။ သူ့လက်ထဲမှာလည်း ကြိမ်လုံးကို ကိုင်ထားတယ်။

“ဘယ်သူ ပိုက်ဆံ ခိုးသလဲ”လို့ သူက မေးပါတယ်။

ကျမလေ ကြက်သေသေသွားပြီး စကားပြောမထွက်အောင် ကြောက်ရွံ့နေပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဘယ်သူကမှ အပြစ်ကို ဝန်မခံကြပါဘူး။ ဒီတော့ ဖေဖေက
“ကောင်းပြီလေ။ ဘယ်သူမှ ဝန်မခံချင်ရင်တော့ နှစ်ယောက်လုံးကို ရိုက်ရမှာပေါ့”လို့ ပြောပြီး ကြိမ်လုံးကို မြှောက်လိုက်ပါတော့တယ်။



ရုတ်တရက် မောင်လေးက ဖေဖေ့ရဲ့ လက်ကို ဆွဲဖမ်းလိုက်ပြီး “ဖေဖေ၊ ပိုက်ဆံခိုးတာ သားပါ”လို့ ပြောလိုက်တယ်။ ကြိမ်လုံးရှည်ကြီးဟာ မောင်လေးရဲ့ ကျောပြင်ပေါ်ကို တဖြန်းဖြန်း ကျလာပါတော့တယ်။ ဖေဖေဟာ အသက်ရှူရပ်သွားလောက်အောင် မောင်လေးကို ရိုက်တဲ့ အထိ ဒေါသထွက်နေခဲ့ပါတယ်။ အဲဒီနောက်တော့ ဖေဖေဟာ ကျောက်တုံး ခုံပေါ် ထိုင်ပြီး မောင်လေးကို ဆူပူကြိမ်းမောင်ပါတယ်။

“မင်းဟာ အခုပဲ ကိုယ့်အိမ်ကပစ္စည်း ခိုးတတ်နေပြီ။ နောင်မှာ ဘယ်လို စိတ်အနှောင့်အယှက် ဖြစ်စရာတွေကို လုပ်လာနိုင်ဦးမယ် မသိဘူး။ မင်းကိုတော့ သေအောင် ရိုက်ပစ်သင့်တာပဲ။ မင်းဟာ အရှက်မရှိတဲ့ သူခိုးပဲ။”

အဲဒီညက မေမေရော ကျမပါ မောင်လေးကို ပွေ့ဖက်ထားတယ်။ သူ့တစ်ကိုယ်လုံး အရိုက်ခံရတဲ့ ဒဏ်ရာတွေနှင့် ပြည့်နှက်နေတာပဲ။ ဒါပေမဲ့ သူ မျက်ရည် တစ်စက်မကျဘူး။ ညသန်းခေါင်မှာ ကျမ ရုတ်တရက် အော်ငိုမိတယ်။ မောင်လေးက ကျမပါးစပ်ကို သူ့လက်လေးနှင့် ပိတ်လိုက်ပြီး
“အစ်မ မငိုနဲ့တော့နော်။ အားလုံးက ဖြစ်ပြီးသွားပြီလေ”တဲ့။

ကျမဟာ ကိုယ်လုပ်ခဲ့တာကို ကိုယ် ဝန်ခံနိုင်တဲ့ သတ္တိမရှိတဲ့ အတွက် ကိုယ့်ကိုကိုယ် အခုထိ မုန်းနေတုန်းပါပဲ။ နှစ်တွေ ကုန်လွန်သွားခဲ့ပေမဲ့ မနေ့တစ်နေ့ကမှ ဖြစ်ခဲ့တဲ့ အပြစ်အပျက် တစ်ခုလို ရှိနေတုန်းပါပဲ။ ကျမကို ကာကွယ်ခဲ့တုန်းက မောင်လေးရဲ့ ဖွင့်ထုတ်ဝန်ခံခဲ့တဲ့စကားကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

မောင်လေးက အသက် (၈)နှစ်၊ ကျွန်မက အသက် (၁၁)နှစ် အရွယ် နှစ်မှာပေါ့။ မောင်လေး secondary school နောက်ဆုံးတက်ရတဲ့ နှစ်တုန်းက သူ upper secondary school မှာ ဆက်တက်ခွင့်ရခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျမကတော့ ပြည်နယ် တက္ကသိုလ်တစ်ခုမှာ တက်ခွင့်ရခဲ့ပါတယ်။

အဲဒီနေ့ညက ဖေဖေဟာ ဆေးလိပ်တစ်ဗူးပြီး တစ်ဗူး သောက်ရင်း ခြံထဲမှာ ဆောင့်ကြောင့်ထိုင်နေတယ်။ ဖေဖေက “ဒို့ ကလေးနှစ်ယောက်လုံးက ရလဒ် ကောင်းကြတယ်။ တကယ်ကို ကောင်းကြတာကွာ”လို့ မေမေ့ကို ပြောနေတာကို ကျမ ကြားရတယ်။ မေမေက မျက်ရည်သုတ်၊ သက်ပြင်းချရင်း -
“အမှတ်ကောင်းတော့ရော ဘာအသုံးကျမှာလဲ၊ နှစ်ယောက်လုံးအတွက် ဘယ်လိုလုပ် ငွေကြေးတတ်နိုင်မှာလဲ” လို့ ပြန်ပြောတယ်။
အဲလို ပြောနေကြတုန်း မောင်လေးက ပြေးထွက်သွားပြီး ဖေဖေ့ရှေ့မှာ ရပ်လို့ ပြောလိုက်တယ်လေ။
“ဖေဖေ … သား စာဆက်မသင်ချင်တော့ဘူး။ ဒီလောက် သင်ရပြီးရင် တော်ပါပြီ”တဲ့။

ဖေဖေက သူ့လက်ဝါးကို တစ်ချက်လွှဲပြီး မောင်လေးမျက်နှာကို ရိုက်ထည့်လိုက်တယ်။ ဘာလို့ ဒီလောက် စိတ်ဓာတ်အားနည်းရတာလဲတဲ့။ မင်းတို့ မောင်နှမ ကျောင်းထားရလို့ ဖေဖေ လမ်းထွက်ပြီး တောင်းစားရလျှင်တောင် မင်းတို့ နှစ်ယောက်လုံး ကျောင်းပြီးသည် အထိ ငါ ကျောင်းထားမယ်။

အဲဒီနောက်တော့ ဖေဖေဟာ တစ်ရွာလုံးက အိမ်တွေကို တံခါးလိုက်ခေါက်ပြီး ငွေးချေးတော့တာပဲ။ ကျမကတော့ မောင်လေးရဲ့ ရောင်ရမ်းနေတဲ့ မျက်နှာလေးကို ကျမလက်လေးနှင့် အတတ်နိုင်ဆုံး ညင်ညင်သာသာလေး ကိုင်စမ်းရင်း “မောင်လေးရယ် … ယောက်ျားလေး ဆိုတာ ကျောင်းပြီးအောင် စာသင်ရမယ်။ မဟုတ်ရင် အစ်မတို့ အခု ရင်ဆိုင်နေရတဲ့ ဆင်းရဲမှုကို လွန်မြောက်အောင် မောင်လေး လုပ်နိုင်မှာ မဟုတ်ဘူးလေ”လို့ ပြောမိတယ်။

အခြားတစ်ဖက်မှာတော့ ကျမဟာ တက္ကသိုလ်ဆက်မတက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
နောက်နေ့ အာရုံမတက်ခင်မှာတော့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အဝတ်လေး နဲနဲပါးပါးရယ်၊ ပဲသီးခြောက်လေး နဲနဲရယ်ကို ယူပြီး မောင်လေး အိမ်ကနေ လစ်ထွက်သွားတာကို ဘယ်သူမှ မသိလိုက်ကြဘူးလေ။ ကျမ အိပ်ရာဘက်ကို အသာလေးလာပြီး ခေါင်းအုန်းအောက် စာတိုလေး ထားသွားခဲ့တယ်။ သူ့စာလေးက
“အစ်မရယ် … တက္ကသိုလ် တက်ခွင့်ရတယ် ဆိုတာ လွယ်တာ မဟုတ်ဘူးနော်။ ကျနော် အလုပ်တစ်ခု သွားရှာပြီး အစ်မဆီကို ငွေပို့ပေးမယ်နော်”တဲ့။ အိပ်ရာပေါ်ထိုင်ပြီး စာလေးကို ဆုပ်ကိုင်ထားရင်း အသံမထွက်တော့တဲ့ အထိ ကျမ ငိုခဲ့ရပါတယ်။

မောင်လေးက အသက် (၁၇)နှစ်နှစ်၊ ကျမက (၂၀)နှစ်ရောက်တဲ့ နှစ်ကပေါ့။ ဖေဖေ တစ်ရွာလုံးက ချေးငှါးထားတဲ့ ငွေရယ်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်လို့ မောင်လေး ရထားတဲ့ ငွေလေးတွေနှင့် နောက်ဆုံးမှာတော့ တက္ကသိုလ် တတိယနှစ်ကို တက်ရောက်နိုင်ခဲ့တယ်။

တစ်နေ့မှာတော့ ကျမ အခန်းမှာပဲ စာဖတ်နေတုန်း အခန်းဖော်က လာပြီး “အပြင်မှာ ရွာသားတစ်ယောက် မင်းကို စောင့်နေတယ်”လို့ ပြောတယ်။ ရွာသားတစ်ယောက်က ဘာလို့ ကျမကို လာရှာနေတာပါလိမ့်။ ကျမ ထွက်သွားလိုက်တော့ အဝေးကပဲ မောင်လေးကို မြင်လိုက်ရပါတော့တယ်။ သူ့တစ်ကိုယ်လုံးမှာလည်း အညစ်အကြေးတွေ၊ အမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေ ကပ်နေလို့ပေါ့။

“မောင်လေးရယ် … အစ်မရဲ့ အခန်းဖေါ်ကို မင်းဟာ အစ်မရဲ့ မောင်လေးပါလို့ ဘာလို့ မပြောရတာလဲ”လို့ ကျမက မေးတော့

သူက “ကျနော့ ပုံကိုလည်း ကြည့်ဦးလေ။ ကျနော်ဟာ အစ်မရဲ့ မောင်လေးပါ ဆိုရင် သူတို့တွေ ဘယ်လို ထင်ကုန်မလဲ။ သူတို့တွေ အမကို မဟားကြပေဘူးလား”လို့ ပြုံးပြုံးလေးနှင့် ပြန်ပြောတယ်။

ကျမဟာ အလွန် စိတ်ထိခိုက်ရပြီး ကျမ မျက်လုံးတွေမှာလည်း မျက်ရည်တွေ ပြည့်လို့ပေါ့။ မောင်လေး ကိုယ်ပေါ်က အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သုတ်ပစ်လိုက်ပြီး လည်ချောင်းမှာ တစ်ဆို့ကြီးနှင့် “တစ်ခြားလူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။ မောင်လေးဟာ ဘာပုံပဲ ပေါက်နေပေါက်နေ ကိစ္စမရှိဘူး။ မောင်လေးဟာ အစ်မရဲ့ မောင်လေးပါ”လို့ ပြောလိုက်တယ်။

သူက သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးကို ထုတ်လိုက်တယ်။ ကျမရဲ့ ဆံပင်ကို ညှပ်ပေးပြီး မြို့က မိန်းကလေး အားလုံးရဲ့ ခေါင်းမှာ ဒီဆံညှပ်လေး ညှပ်ထားတာကို ကျနော် တွေ့တယ်။ ဒါကြောင့်မို့ အစ်မှမှာလည်း တစ်ခုတော့ ရှိသင့်တယ်လို့ ကျနော် ထင်လို့လေတဲ့။ ကျမဟာ နောက်ကို ပြန်မဆုတ်နိုင်တော့ပဲ မောင်လေးကို ဆွဲဖက်ပြီး ငိုမိတယ်။

မောင်လေး အသက် (၂၀)၊ ကျမ အသက် (၂၃)နှစ် အရွယ်ကပေါ့။ ကျမရဲ့ ရည်စားကို အိမ်ကို စပြီးခေါ်ခဲ့တုန်းက ကွဲနေတဲ့ ပြတင်းပေါက်ကို ပြင်ထားတာကို ကျမ သတိထားမိတယ်။ အိမ်ကိုလည်း သန့်ရှင်းနေအောင် တိုက်ချွတ်ဆေးကြောထားတယ်။ ကျမရည်စား ပြန်သွားတော့ မေမေ့ ရှေ့မှာ ကလေးမလေးလို ကရင်း ‘မေမေရယ် အိမ်ကို သန့်ရှင်းရေးလုပ်တာ ဒီလောက် အချိန်ကုန်ခံစရာ မလိုပါဘူး’လို့ ပြောလိုက်တယ်။
ဒါပေမဲ့ မေမေက ပြုံးပြီးတော့ “အိမ်ကို သန့်ရှင်းရေးလုပ်ဖို့ အစောကြီး သွားတာ သမီးရဲ့ မောင်လေးပါ။ သူ့လက်က ဒဏ်ရာကို သမီး မမြင်ဘူးလား။ ပြတင်းပေါက်ကို လဲတပ်နေတုန်း သူ့လက် ထိသွားတာလေ” တဲ့။

ကျမ မောင်လေးရဲ့ အိပ်ခန်းထဲကို သွားလိုက်တယ်။ မောင်လေး မျက်နှာကို ကြည့်ရင်း ကျမရဲ့ ရင်ထဲမှာ ရာပေါင်းများစွာသော အပ်တွေ စူးဝင်ခံရသလို ခံစားရတယ်။ မောင်လေး ဒဏ်ရာကို လိမ်းဆေးလိမ်းပေးပြီး ပတ်တီး စည်းပေးပါတယ်။ “နာလားဟင်”လို့ သူ့ကို မေးတော့ “ဟင့်အင်း၊ မနာပါဘူး”တဲ့။ ဆောက်လုပ်ရေးဆိုက်မှာဆိုရင် ကျောက်ခဲတွေက ကျနော့် ခြေထောက်ပေါ် တစ်ချိန်လုံးလိုလို ကျနေတယ်လေ။ အဲဒီလို ဖြစ်နေတာကတောင် အလုပ်မလုပ်အောင် ကျနော့ကို မတားဆီးနိုင်ခဲ့ပါဘူး။ အဲဒီ ဝါကျရဲ့ အလယ်လောက်မှာ သူက စကားကို ရပ်လိုက်တယ်။ ကျမ မောင်လေးကို ကျောပေးလိုက်ပေမဲ့ မျက်ရည်တွေကတော့ ကျမရဲ့ မျက်နှာပေါ်ကို လိမ့်ဆင်းကျလာတယ်လေ။

မောင်လေး အသက် (၂၃)နှစ်၊ ကျမ အသက် (၂၆)နှစ်မှာပေါ့။ လက်ထပ်ပြီးတဲ့နောက် ကျမဟာ မြို့မှာ နေပါတယ်။ ကျမ ခင်ပွန်းက ကျမ မိဘတွေကို ကျမတို့နှင့် လာပြီး အတူနေဖို့ အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ပါတယ်။ ဒါပေမဲ့ မိဘတွေက လာမနေချင်ကြပါဘူး။ ရွာကထွက်လာလိုက်တာနှင့် သူတို့ ဘာလုပ်ရမယ်ဆိုတာ သိတော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ မောင်လေးကလည်း မိဘတွေနှင့် တစ်သဘောထဲပါပဲ။ သူက “အမရယ် … ယောက္ခမတွေကိုသာ ဂရုစိုက်ပါ။ ကျနော်က ရွာမှာ မေမေနှင့် ဖေဖေကို ဂရုစိုက်ပါ့မယ်”တဲ့။

ကျမ ခင်ပွန်းက သူ့စက်ရုံမှာ ညွှန်ကြားရေးမှုး ဖြစ်လာပါတယ်။ မောင်လေးကို ပြုပြင်ထိန်းသိမ်းရေး ဌာနမှာ မန်နေဂျာ အဖြစ် ကမ်းလှမ်းတာကို လက်ခံဖို့ ကျမတို့က ပြောကြတယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုကို မောင်လေးက ငြင်းခဲ့တယ်လေ။ အဲဒီအစား အစဆုံး ပြုပြင်ရေးအလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ပဲ ဇွတ်ပေပြောနေခဲ့တယ်။

တစ်နေ့မှာတော့ မောင်လေးဟာ ကေဘယ်ကြိုးတစ်ခုကို ပြုပြင်ရင်း လေခါးထိပ်မှာ ရောက်နေတာပေါ့။ အဲဒီ အချိန်မှာပဲ ဓာတ်လိုက်ခံရပြီး သူ့ကို ဆေးရုံကို ပို့ရတယ်။ ကျမနှင့် ကျမ ခင်ပွန်းတို့ ဆေးရုံကို လိုက်သွားပြီး သူ့ကို တွေ့ပါတယ်။ သူ့ခြေထောက်မှာ ကျောက်ပတ်တီးစည်းထားတာကို ကြည့်ရင်း

“မန်နေဂျာ ခန့်တာကို ဘာလို့ ငြင်းလိုက်ရတာလဲ။ မန်နေဂျာဆိုတာ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ အလုပ်မျိုးတွေ မလုပ်ရဘူးလေ။ အခု ကြည့်ပါလား။ မောင်လေး ပြင်းထန်တဲ့ ဒဏ်ရာကို ခံစားနေရတာလေ။ အစ်မတို့ ပြောတာကို ဘာလို့ နားမထောင်ရတာလဲ”လို့ ညည်းငြူပြောဆိုလိုက်ပါတယ်။

သူ့မျက်နှာပေါ်မှာ လေးနက်တဲ့ မျက်နှာထားနှင့် သူက သူ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုပါတယ်။ “ယောက်ဖအတွက် စဉ်းစားပါဦး။ သူက အခုမှ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်ကာစလေ။ ကျနော်က ပညာမတတ်ပဲ မန်နေဂျာဖြစ်လာမယ်ဆိုရင် ဘယ်လို ကောလဟလ စကားတွေ ပြန့်နေမလဲ”တဲ့။

ကျမ ခင်ပွန်းရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လို့ပေါ့။ ဒီလိုဆိုရင် “အစ်မကြောင့် မောင်လေး ပညာမတတ်တာလေ”လို့ ပြောလိုက်တော့ “ဘာလို့ အတိတ်အကြောင်း ပြောရတာလဲ”လို့ ပြောပြီး ကျမလက်ကို ဆုပ်ထားတယ်။

အဲဒီနှစ်က မောင်လေးက အသက် (၂၆)နှစ်၊ ကျမက (၂၉)နှစ်ပေါ့။ မောင်လေး ရွာက လယ်သူမလေးကို လက်ထပ်တော့ သူ့ အသက် (၃၀) ရှိပါပြီ။ မင်္ဂလာဧည့်ခံပွဲမှာ အခမ်းအနားမှူးက “မင်း အလေးစားဆုံးနှင့် အချစ်ဆုံး တစ်ယောက်ဟာ ဘယ်သူလဲ”လို့ သူ့ကို မေးတယ်။ စဉ်းစားချိန်တောင် ယူမနေပဲ “ကျွန်တော့ အစ်မပေါ့ဗျာ”လို့ သူက ဖြေလိုက်တယ်။ ကျမ မှတ်တောင် မမှတ်မိနိုင်တော့တဲ့ အဖြစ်အပျက်လေး တစ်ခုကို ပြောရင်း သူက ဆက်ပြောပါတယ်။

“မူလတန်းကျောင်းမှာ ကျောင်းတက်တုန်းက ကျောင်းက တစ်ခြားရွာ တစ်ရွာမှာလေ။ နေ့တိုင်း ကျွန်တော်နှင့် ကျွန်တော့ အမတို့ဟာ ကျောင်းကို နှစ်နာရီကြာအောင် သွားရပြီး အိမ်ပြန်ရတယ်။ တစ်နေ့မှာတော့ လက်အိပ်တစ်စုံ ပျောက်သွားတယ်။ အစ်မက သူရဲ့ လက်အိပ်တစ်ဖက်ကို ပေးတယ်။ သူက တစ်ဖက်ပဲ ဝတ်ပြီး အဝေးကြီး လမ်းလျှောက်ရတယ်။ ကျနော်တို့ အိမ်ရောက်တော့ အစ်မဟာ အေးလွန်းတဲ့ ရာသီဥတုကြောင့် တူကိုတောင် မကိုင်နိုင်တော့လောက်အောင်ကို တုန်နေပါတော့တယ်။ အဲဒီနေ့ကစပြီး ကျနော် အသက်ရှင်သမျှ ကာလပတ်လုံး အစ်မကို စောင့်ရှောက်ပြီး အမြဲတမ်း သူ့အပေါ် ကောင်းပါ့မယ်လို့ ကျွန်တော် အဓိဋ္ဌာန်ပြုခဲ့ပါတယ်”တဲ့။

တစ်ခန်းလုံး လက်ခုပ်သြဘာသံတွေနှင့် ပြည့်လျှံသွားခဲ့တာပေါ့။ ဧည့်သည်အားလုံးက ကျွန်မဘက်ကို အာရုံစိုက်လာပါတယ်။ ကျမ စကားပြောဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။ “ကျမ တစ်သက်လုံးမှာ ကျေးဇူးအတင်ရဆုံး တစ်ယောက်ကတော့ ကျမရဲ့ မောင်ပဲ ဖြစ်ပါတယ်ရှင်”လို့ ပြောပြီး ဒီ ပျော်ရွှင်ဖွယ် အခါသမယမှာ လူအုပ်ရဲ့ ရှေ့မှာတင်ပဲ မျက်ရည်တွေဟာ ကျမပါးပြင်ပေါ်ကို စီးဆင်းလိမ့်ကျနေပါတော့တယ်။

ဘဝသင်ခန်းစာ
သင့်ဘဝမှာ နေ့စဉ်နေ့တိုင်း သင် မေတ္တာသက်တဲ့ တစ်ယောက်သောသူကို ချစ်မြတ်နိုးပြီး ဂရုစိုက်ပါ။ သင်လုပ်ဆောင်ပေးလိုက်တာလေးက တကယ့် သေးသေးလေးလို့ သင် ထင်ချင်ထင်နိုင်ပေမဲ့ အဲဒီ တစ်ယောက်သောသူ အတွက်တော့ အများကြီးလို့လည်း အဓိပ္ပါယ်သက်ရောက်နိုင်တာပါပဲဗျာ။
**********************

Bone Nyan
 အေးချမ်းမွန်

ဒါလားဟေ့ living together

living-together









အစ်ကိုမောင်မောင်ရေ အစ်မခင်နှင်းက တွေ့ ချင်လို့ အိမ်ကို လာခဲ့ပါတဲ့ ခင်နှင်းရဲ့ မောင်ဖြစ်သူ ကျော်ကျော်က ကျောင်းသွားရင်း ကျွန်တော့်ကို ၀င်ပြောသွားသည်။
ခင်နှင်း နိုင်ငံခြားမှာ အလုပ် သွားလုပ်တာ ၃ နှစ်နီးပါး ကြာပြီးနောက် နေမကေင်းသဖြင့် ပြန်လာသည်ကိုတော့ ကြားသည်။
တခေါက်မှ မရောက်ဖြစ်သေး ။ ခုတော့ သူကိုယ်တိုင် ခေါ်ခိုင်းနေပြီမို့  ညနေဖက် အိမ်မှ ထွက်ခဲ့သည်။
အိမ်ရှေ့ တွင် ခင်နှင်းရဲ့ ညီမငယ်လေး စုစု ကစားနေသည်။ ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။ ခင်နှင်းက ခြေသံ ကြားသဖြင့် ခေါင်းထောင်ကြည့်သည်။ ကျွန်တော် အနား ရောက်သွားသည်နှင့်။ အကို မောင်မောင် ကတော့ ငါ့ညီမလေး ဘယ်လို
ဖြစ်နေသလဲလို့  သတင်းတောင် လာမေးဖေါ် မရဘူး။ ခေါ်ခိုင်းမှပဲ ပေါ်လာတော့တယ်နော်။
မဟုတ်ပါဘူး ခင်နှင်းရယ် အကိုလည်း ဒီရက်မှာ အလုပ် နဲနဲ များနေလို့ မလာဖြစ်သေးတာပါ။ ခင်နှင်း ပြန်ရောက်တာ အကို ကြားပါတယ်။

ခင်နှင်းကို ကြည့်ရတာ အသားအရေ ဖြုဖတ် ဖြုရော် နှင့် တော်တော်လဲ ပိန်သွားသည်။ ဟိုတုံးက ခင်နှင်းနှင့် လုံးဝ မတူတော့။ ခင်နှင်းနှင့် ကျွန်တော်က ၄ နှစ်ကွာသည် ။ ငယ်ငယ်ကတည်းက အိမ်နီးချင်း နေလာသည်မို့ မောင်နှမ အရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည် ခင်နှင်းက ဘယ်တော့မှ ကျွန်တော့်ကို အကိုဟု မခေါ်။ ကျွန်တော့် နာမည်ပါ တွဲခေါ်သည်။ သူ့ ကိုယ်သူတော့ ခင်နှင်းက ညီိမလေးကဟု ပြောတတ်သည်။

တနေ့ တွင် ခင်နှင်းက ကျွန်တော့်အား။ အကိုမောင်မောင် ပြောစရာရှိလို့။
ပြောလေ ညီမလေး ဘာပြောမလို့ လဲ။
အစ်မ ၀မ်းကွဲ မမသက်ကို သိတယ် မဟုတ်လား။
အင်းသိတယ်လေ နိုင်ငံခြားမှာ မဟုတ်လား။
ဟုတ်တယ် သူခေါ်လို့ ခင်နှင်းလဲ အဲဒီကို လိုက်သွားပြီး အလုပ် သွားလုပ်မလို့ ။
ဖြစ်ပါ့မလား ခင်နှင်းရယ် ခုချိန်ထိ ကျောင်းတက်တာကလွဲပြီး ဘာအလုပ်မှ မလုပ်ဘူးတဲ့သူက နိုင်ငံခြားမှာတောင် အလုပ်သွား လုပ်မယ်ဆိုတော့။
ဖြစ်ပါတယ် အကိုမောင်မောင်ကလဲ ဒီခောတ်မှာ လူတိုင်းပဲ တော်တော် များများ သွားလုပ်နေကြတာ အထူးအဆန်းမှ မဟုတ်တာ။

ခင်နှင်း ပြောတာ ဟုတ်ပါတယ် ဒါပေမဲ့ ။
ဘာမှဒါပေမဲ့ မနေနဲ့ အကိုမောင်မောင် အဖေက စက်ရုံလုပ်သား အမေက ဈေးထဲမှာ ဈေးရာင်းပြီး ခင်နှင်းတို့ မောင်နှမ ၃ ယောက်ကို လုပ်ကြွေးလာတာ သူတို့ ပင်ပန်းလှပါပြီ ။ ဒီတစ်ခါ ခင်နှင်းအလှည့် အောက်မှကလဲ မောင်လေးနဲ့ ညီမလေးကလဲ ရှိသေးတယ်
ခင်နှင်းဟိုမှာ ၃ နှစ် လောက် ကျိုးစားပြီး အလုပ် လုပ်မယ် ပိုက်ဆံစုမယ်။ ပြီးရင် ဒီကို ပြန်လာပြီး စီးပွားရေး လုပ်ငန်း လုပ်မယ် မကောင်းဘူးလား။

ခင်နှင်း ပြောစကားက အကြောင်းပြချက် ခိုင်လုံနေသည်မို့  ကျွန်တော် ဘာမှ မပြောသာတော့။
အင်းလေ ညီမလေး ကောင်းမယ် ထင်တာသာ လုပ်ပါတော့ ။ ဒါနဲ့ ကုန်ကျစရိတ်ကရော။
အဲဒါ ဘာမှ ပူစရာ မလိုဘူး မမ သက်က သူစိုက်ပေးထားမှာ ဟိုရောက်တော့မှ အလုပ် လုပ်ပြီး ပြန်ဆပ်ရမှာ။
ခင်နှင်းသွားသည့်နေ့  မင်္ဂလာဒုံ လေဆိပ်တွင်။
ခင်နှင်း ညီမလေး အကိုတစ်ခုတော့ပြောချင်တယ်။
တစ်ခုမပြောနဲ့ ဆယ်ခုပြော ။ ခင်နှင်းက မျက်စောင်းထိုးယင်း ပြောသည်။
တကယ် ပြောမလို့ မနောက်နဲ့ ။

ကဲပါ အကိုမောင်မောင် ပြောတာ ခင်နှင်း နားထောင်မယ်။ ပြီးတော့ လိုက်နာပ့ါမယ် ဂတိပေးပါတယ်ရှင်။
အင်း ဒါဆိုလဲပြီးရော ။ ညီမလေး ဟိုရောက်ရင် အလုပ်ကို ကျိုးကျိုး စားစားလုပ်။ ပိုက်ဆံကို သေသေ ချာချာစု။ သူငယ်ချင်း ပေါင်းရင်လဲ သတိထားပြီးပေါင်း။ အားရင် စာဖတ်။ ပြီိးတော့ ဘုရားလဲ ရှိခိုး။ မိဘတွေကိုလည်း ညတိုင်း ကန်တော့ပြီးမှ အိပ်နော်။

ဟုတ်ကဲ့ပါအစ်ကိုကြီး ဒါပဲလား ကျန်သေးလား။ ခင်နှင်းက ငေါ့ပြီး မေးသည်။
ကျမ္မာရေးလဲ ဂရုစိုက်နော် ဒါပဲ ခင်နှင်း အမေကလဲ ၀င်ပြောသည်။ သမီးအကို ပြောတာတွေကို သေသေ ချာချာ မှတ်ထားနော်။ ကဲသမီး သွားတော့ ဟိုမှာ သူများတွေတောင် ၀င်နေပြီ။
ခင်နှင်းက သူ့ အဖေ နှင့် အမေအား ထိုင်ကန်တော့ပြီး ကျွန်တော့်အား။ အကိုမောင်မောင် အဖေနဲ့ အမေကို ဂရုစိုက်ပေးနော်။ မောင်လေးနဲ့  ညီမလေးကိုရောပဲ။
အေးပါ ညီမလေးရယ် ဒါတွေ ဘာမှ ပူမနေနဲ့ ။ အကို့ တာဝန်ထား ။အကို အားလုံး ကူညီမယ်။ ကဲညီမလေးသွားတော့။
ီဒီလိုနဲ့ ခင်နှင်း နိုင်ငံခြားသို့ ထွက်သွားတော့သည်။။။
အကိုမောင်မောင် ဘာတွေ စဉ်းစားနေတာလဲ ညီမလေးခေါ်နေတာ ဆယ်ခွန်းလောက် ရှိနေပြီ။ ခင်နှင်း စကားသံကြားမှ ကျွန်တော်လည်း သတိ ပြန်လည်လည်လာပြီး။
သြော် ဘာမှ မစဉ်းစားပါဘူး ညီမလေးရယ်။ ကျွန်တော်က ပိန်သွယ်နေသော ခင်နှင်း လက်ဖမိုးလေးအား အုပ်ကိုင်ယင်း။ ညီမလေးက ဘာရောဂါ ဖြစ်တာလဲ လိုအပ်ရင် ဆေရုံ တက်လိုက်ပါလား။
ခင်နှင်းက ခေါင်းကို ခါရမ်းယင်း ။ အကိုမောင်မောင် ခင်နှင်း အခုပြောတာတွေကို အဖေနဲ့ အမေကို ပြန်မပြောပါဘူးလို့ ဂတိပေးပါလား။
ဘာတွေ ပြောမှာမို့ လို့ လဲ ညီမလေးရယ်။
မရဘူး အကိုမောင်မောင် ဂတိ အရင်ပေးပြီးမှ ညီမလေးပြောမှာ။
ကဲပါ ညီမလေးရယ် ဂတိပေးပါတယ် ဘယ်သူ့ ကိုမှ မပြောပါဘူး။ ကဲ ပြောတော့။
ဒီလို အကိုမောင်မောင်ရဲ့  ခင်နှင်း အဲဒီကို ရောက်တော့ စားသောက်ဆိုင် တစ်ဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။ အားလုံး မိန်းကလေး ၆ ယောက်ရှိတယ်။ အားလုံးကို အုပ်ချုပ်တဲ့ စူပါဗိုက်စာ တရုပ်မလဲ ရှိတယ်။ ခင်နှင်းက ရောက်ခါစဆိုတော့ သူတို့ ဆီမှာ ပြောတဲ့ စကား မတတ်သေးတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။ ဒီလိုနဲ့  ၆ လလောက် ကြာလာတော့ စကားလဲ တတ်လာပြီ ။ လုပ်ငန်းလဲ ကျွမ်းကျင်လာပြီ။ ပြီးတော့ ဆိုင်ကို အမြဲ လာစားနေကျ ဖေါက်သယ်တွေနဲ့ လဲ ရင်းနှီးလာပြီ။ ခင်နှင်းက အလုပ်ကို မခိုမကပ် လုပ်တော့ သူဌေးကလည်း သဘောကျတယ်။ လာစားတဲ့ ဖေါက်သယ်တွေကလဲ ခင်ကြတယ်။
သူဌေးက ခင်နှင်းကို တဖြည်းဖြည်းန့ဲ လစာ တိုးပေးတယ် ဒီလိုနဲ့ တစ်နှစ်လောက် ကြာတော့ အဟုန်လို့ ခေါ်တဲ့ တရုပ်တယောက်နဲ့ ခင်မိတယ်။ ဆိုင်ကို လာရင်လဲ တခြား စားပွဲထိုးတွေကို မခေါ်ပဲ ခင်နှင်းကိုပဲ ခေါ်တယ် ။ အဲ ဒီအဟုန် နဲ့ သူငယ်ချင်းတွေ လာစားရင် စကားကို ယဉ်ယဉ်ကျေးကျေး ပြောပြီး ခိုင်းတတ်တယ်။ စားပြီးလို့  ပြန်ရင်လဲ ငွေရှင်းလို့  ပိုတဲ့ပိုက်ဆံဆိုရင် ခင်နှင်းကို အမြဲပေးတယ်။ ဒီလိုနဲ့ တနေ့  တော့ ခင်နှင်းနဲ့ အတုတူ လုပ်တဲ့ အစ်မ မအေးက ခင်နှင်း နင့်ကို အဟုန်က ကြိုက်နေတယ် ငါ့ကို ပြောပေးပါလို့ ပြောတယ် နင်ဘယ်လို သဘောရသလဲ။
ဟာ အစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲ ခင်နှင်းတို့ က ပိုက်ဆံ လာရှာတာ အချိန်တန်ရင် အိမ်ပြန်ကြရမှာ။ အပူ မရှာချင်ပါဘူး။
အေးလေ စဉ်းစားပါဦးဟာ အချိန်တွေ ရှိသေးတာပဲ။
မအေး ကလဲ အားတိုင်း ခင်နှင်းကို အဲဒီ အကြောင်းပဲ ပြောတယ်။ တနေ့ ခင်နှင်တို့ ဆိုင်ပိတ်လို့  မြို့ ထဲသွားဖို့ ကားစောင့်နေတုံး အဟုန်ကားနဲ့ ရောက်လာပြီး။
မအေး တို့ ပါလား ဘယ်သွားမလို့ လဲ။
ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။
ခင်နှင်းလဲ ပါတာကိုး လာ ကျွန်တော်လဲ မြို့ ထဲသွားမှာ လိုက်ခဲ့ပါလား။
ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ် ကျေးဇူးတင်ပါတယ်။ ခင်နှင်း ငြင်းလိုက်တယ် ။
အဟုန်က မအေး ကိုကြည့်လိုက်ပြီး ။
လာပါ ဘာမှ အားနာနေစရာ မလိုပါဘူး လူရင်းတွေပဲ တစ်ခါတစ်လေ လမ်းကြုံ လို့ ကူညီရတာပါ။
အေးလေ ခင်နှင်းကလဲ အဟုန် ကို အားနာစရာကြီး လာပါဟာ။
မအေး လဲ သူ့ ဘက်ပါသွားပြီမို့  ခင်နှင်းလဲ အားနာနာ နဲ့ ပဲ အဟုန်ကားနဲ့ မြို့ ထဲကို လိုက်ခဲ့ပါတော့တယ်။ မြို့ ထဲ ရောက်တော့ အဟုန်က တစ်ခုခု ကျွေးပါရစေဆိုတာနဲ့  ဆိုင် တစ်ဆိုင်မှာ ၀င်စားကြပြန်ပါတယ်။ ပြီးတော့မှ အဟုန်လည်း နှုတ်ဆက်ပြီး ထွက်သွားပါတော့တယ်။
အဲဒီနောက်ပိုင်း ခင်နှင်းတို့ အပြင်ထွက်တိုင်း အဟုန် ရောက်ရောက်လာတာ တွေ့ ရတယ်။
ကြည့်ရတာ မအေးနဲ့ အဟုန် အဆက်အသွယ် ရှိပုံ ရပါတယ်။
ဒီလိုနဲ့ တရုပ်နှစ်သစ်ကူးမှာ ခင်နှင်းတို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။
အဲဒီပိတ်ရက်မှာ အဟုန်က ခင်နှင်းနဲ့ မအေးကို ဟန်းဖုန်း တစ်လုံးစီ ၀ယ်ပြီး လက်ဆောင်ပေးပါတယ်။
ခင်နှင်းက အတန်တန် ငြင်းပေမဲ့ မအေး က နှစ်သစ်ကူး လက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ် ဟန်းဖုန်းလဲရရော ညဖက် ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  အဟုန်က ခင်နှင်းဆီ အကြောင်း မရှိအကြာင်းရှာပြီး ဖုန်းဆက်ပါတော့တယ်။
မအေး ကလည်း ပြောတယ်။ ခင်နှင်းကလဲ တရုပ်သူဌေး သားက ကိုယ့်ကို ကြိုက်နေတာပဲ ပြန်ကြိုက်ပီး ချူစားပေါ့ ဟ။
ဟာ မအေး ကလဲ ပြန်ကြိုက်ရုံ ကြိုက်လို့ ရမလား နောက်ပိုင်း မတော်တရော်တွေ ဖြစ်ကုန်ရင် ဘယ်လို လုပ်မလဲ့ ကျွန်မပဲ စိတ်ဆင်းရဲရမှာ။
ခင်နှင်းကလဲ အဲဒီအတွက် မပူပါနဲ့ ဟယ် ငါကူညီမှာပေါ့။
အဲဒီအချိန်ကစပြီး ခင်နှင်း လူပေါင်းမှားပြီဆိုတာ သတိ မထားမိခဲ့ပါဘူး။
ဒီလိုနဲ့ ခင်နှင်းနဲ့ အဟုန် ချစ်သူတွေ ဖြစ်သွားကြတယ်ဆိုပါတော့။
အဟုန်ကားလေးနဲ့ ခင်နှင်းတို့ သွားလေရာ မအေးလဲ ပါတယ် ။ ခင်နှင်း ကို ဘာပဲ ၀ယ်ပေးပေး အဟုန်က မအေးကိုလည်း ၀ယ်ပေးတယ်။
မအေးလဲ ပျော်နေတာပေါ့။ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ အကိုမောင်မောင် ။ နောက်ပိုင်း ချစ်သူတို သဘာဝ လွတ် ၂ လပ် ၂ တွေ့ ကြတော့ ခင်နှင်း အရမ်းကြောက်တယ် ။ အဲဒီမှာပဲ ဆရာမကြီး မအေးက ဆေးခန်း တစ်ခုကို ခေါ်သွားပြီး လိုအပ်တဲ့ အကာအကွယ်တွေ အားလုံး လုပ်ပေးတယ် ။ လတိုင်း လဲ အဟုန်က လခ နီးပါးပဲ ပိုက်ဆံတွေပေး လိုချင်တာတွေ ၀ယ်ပေးတော့ ခင်နှင်းလဲ အဟုန်နဲ့  နေရတာပျော်လာတယ် အကိုမောင်မောင်။ အိမ်ကိုလဲ လတိုင်း ပိုက်ဆံ များများပို့ နိုင်တော့ အမေတို့  လဲပျော်နေကြတာပေါ့။
ဒီလိုနဲ့ ခင်နှင်း အဟုန်နဲ့ တွဲနေတာ တစ်နှစ်လောက်ကြာတော့ ကျမ္မရေး နဲနဲ ချူချာလာတယ်။ အစကတော့ အလုပ်ပင်ပမ်းလို့  ဖြစ်တယ်လို့ ပဲထင်ထားတာ ။ တစ်ခါ တစ်ခါဆိုရင် ချည့်နဲ့ ပြီး အားကုန်သွားသလိုပဲ မလှုပ်ချင်တော့ဘူး။
ခင်နှင်း အဲဒီလိုဖြစ်တာ နိုင်ငံခြားမှာ အလုပ် လုပ်တာ ၃ နှစ်ထဲကို ၀င်လာတဲ့ အချိန်ပဲ ။ အဲဒီလို ခင်နှင်း နေမကောင်းဖြစ်စမှာပဲ မအေးလဲ မြန်မာပြည်ကို ပြန်သွားတယ်။ အဟုန်လဲ ခင်နှင်း နေမကောင်းဖြစ်နေတော့ ပိုက်ဆံတွေလဲပေးတယ် ဂရုလဲ စိုက်တယ်။ ဒီလိုနဲ့ ခင်နှင်း နေမကောင်းတာ ကြာလာတော့ အဟုန် မလာတော့ဘူး။
ဖုန်းခေါ်ရင်လဲ မကိုင်ဘူး နောက်ဆို ဖုန်းကို ပိတ်ထားတော့တယ် ။ နောက်ပိုင်း ခင်နှင်း ချောင်းအရမ်းဆိုးလာတာနဲ့  တီဘီရောဂါ ဖြစ်မှာစိုးလို့ ဆေးခန်း တစ်ခုမှာ သွားပြလိုက်တယ်။ အဲဒီမှာ ဆရာဝန်က ခင်နှင်းကို ဆေးစစ်တယ်။ အဲဒီလို စစ်လိုက်တဲ့ အချိန်မှာပဲ ခင်နှင်း ဘ၀ ဆုံးသွားပြီဆိုတာ သိလိုက်ရတယ် အကိုမောင်မောင်။
ဆရာဝန် က အမျိုးသမီး ဆရာဝန်ဆိုတော့ ကောင်းပါတယ်။ ခင်နှင်းကိုမေးတယ်။
ညီမလေး ဘာအလုပ် လုပ်တာလဲ ။
စားသောက်ဆိုင်မှာ စားပွဲထိုးပါ ။
ယောင်္ကျားရှိသလား ။
လက်မထပ်ရသေးတဲ့ ချစ်သူတော့ ရှိပါတယ် ။
အတူတူ နေကြတာလား ။
ဟုတ်ကဲ့ ။ ၂ရက်ခြား ၃ရက် ခြားတော့ တွေ့ ဖြစ်ကြပါတယ် ။
အဲဒီလူနဲ့ အတူတူနေတာ ဘယ်လောက်ကြာပြီလဲ ။
တစ်နှစ်ခွဲ လောက်ရှိပါပြီ ။
သူ့ ကိုရော ဒီဆေးခန်း ကို ခေါ်လာလို့ ရမလား ။
အဲ့ဒီလိုမေးတော့ ခင်နှင်း မျက်ရည်စို့ လာပြီး
ခေါ်လို့ မရတော့ဘူး ဒေါက်တာ ကျွန်မဆီလဲ မလာတော့ဘူး ။ ဖုန်းခေါ်ရင်လဲ ပိတ်ထားတယ်။
အင်းစိတ်မကောင်းပါဘူး ညီမလေးရယ် သေခြာပါပြီ ဒီရောဂါ အဲ ဒီလူဆီက ကူးတာပဲ ဖြစ်မယ်။
ကျွန်မဘာဖြစ်တာလဲ ဒေါက်တာ ပွင့်ပွင့် လင်းလင်းပြောပါ ။ ကျွန်မ လိုအပ်တာ အားလုံး လုပ်ပါ့မယ်။
စိတ်ခိုင်ခိုင်ထားနော် ညီမလေး အရမ်းလဲ အားမငယ်နဲ့  ညီမလေးရောဂါက AIDS
ရှင် ခင်နှင်းမေ့လဲမတတ်ဖြစ်သွားတယ် ။
ဒါဆိုကျွန်မ သေတော့မှာပေါ့နော် ။ အငမ်းမရ မေးလိုက်တယ် ။
ချက်ချင်းတော့ မသေနိုင်သေးပါဘူး ညီမရယ်။
အဲဒီလို သိလိုက်ရတော့ ခင်နှင်းလေ ဒေါက်တာရှေ့ မှာ ငိုနေတာ တော်တော်ကြာတယ်။
ဆရာဝန်က ခင်နှင်းကို နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို ပြန်လိုက်ပါ ညီမရယ် အဲဒီလိုဖြစ်မှပဲ ရှေးလူကြီးတွေ ပြောခဲ့ကြတဲ့ ငါးစာသာမြင်ပြီး ငါးမျှားချိတ် မမြင်ဘူ ဆိုတဲ့ စကားပုံကို သွားသတိယမိလိုက်တော့တယ်။ ငါးမျှားချိတ်မှာ ချိတ်မိတဲ့ငါးဟာ ပြန်လွတ်ရိုး ထုံးစံ မရှိသလို ခင်နှင်း ဘ၀လဲ အသက် ပေးရတော့မယ်ဆိုတာ သိလိုက်ပါပြီ။
ခင်နှင်းကပြောလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်း တော်တော် စိတ်မကောင်းဖြစ်ရသည် ။
ဘယ်လို အားပေးစကား ပြောရမှန်းပင် မသိတော့။
ခင်နှင်း ပြောခဲ့ချင်တာက ခင်နှင်းကို ငွေမက်ပြီး ချူစားချင်လာအောင် မက်လုံးပေးပြီး ကူညီသလိုနဲ့ စည်း၇ုံးသိမ်းသွင်း ဖျက်ဆီးတတ်ကြတဲ့ မအေး လို မိန်းကလေး သူငယ်ချင်းမျိုးတွေကို သတိထားစေချင်လို့ ပါ။
ဘာပဲဖြစ်ဖြစ် အကိုမောင်မောင် စကားကို နားမထောင်ပဲ နားယောင်ခဲ့မိတဲ့ ခင်နှင်းကိုယ်တိုင်ရဲ့ အမှားလဲပါ ပါတယ်။
တော်ပါတော့ ညီမလေးရယ် ရော့ ရေသောက်လိုက်ဦး။
ကျွန်တော် ရေတစ်ခွက် ခပ်ပေးလိုက်ရင်း ပြောလိုက်ပါတယ်။
ခင်နှင်းလဲ ရေသောက်ပြီး မောသွားတာကြောင့် ဘာမှ မပြောတော့ပဲ ကျွန်တော့်ကိုသာ စိုက်ကြည့်နေပါတော့တယ်။
နောက် ၄ လလောက် ကြာတော့ ခင်နှင်းလဲ အဲဒီရောဂါနဲ့ ပဲ လူ့ လောက ကနေအြ့ပီးအပိုင် ထွက်ခွါသွားပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင် လက်မထပ်ပဲ သိုသို သိပ်သိပ် နေခဲ့ကြပြီး ခင်နှင်းလို ဘ၀ ဆုံးသွားသောမိန်းကလေးများ ဘယ်လောက် ရှိနေဦးမည်ကိုလဲ မမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။ ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည် ။။



ရိုနီဇန်
ရိုးရာလေး

ချစ်ခြင်း တူလို့ အပူမျှဝေနိုင်ကြစေ( ညီမလေး ဖတ်ဖို့)


ညီမလေးရေ
ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုကိုအကိုတွေးဖူးတယ်။အချစ်မှာသတ္တိတွေခွန်အားတွေရှိတယ်အနစ်နာခံခြင်းတွေရှိတယ်။နောက်သူပျော်စေတော့ဆိုတဲ့
အလျှော့ပေး စိတ်တွေရှိတယ် ကွယ်။ တစ်ချို့ကတော့ အချစ်ဆိုတာကိုအစာအဖြစ်တပ်ဆင်ပြီးလူကလူကိုမျှားတတ်ကြတယ်။
စိတ်ရဲ့ထွေပြားမှုကြောင့်လည်းအချစ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတယ်။
ညီမလေးရေ မြို့မှာကိုယ်ရေပြားရောဂါသည်အမျိုးသမီးတစ်ယောက်နဲ့လူငယ်လေးတစ်ယောက်ရဲ့လက်ထပ်ပွဲလေးတခုကိုအကိုကြားမိလိုက်တယ်။
အမျိုးသမီးကအသက်(၃၀)ကျော်နဲ့(၂၀)ကျော်လောက်ရှိတဲ့လူငယ်လေးလက်ထပ်ပွဲကို အကိုအံ့သြလိုက်တာညီမလေးရယ်။သူတို့လက်ထပ်ပွဲကတော့မခမ်းနားပါဘူးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာပဲ
ဧည့်သည်လေးတွေဖိတ်လို့ညပိုင်းလေးမှာလက်ထပ်စာချုပ်ကိုလက်မှာတ်ရေးထိုးတာပါ။ကွက်သစ်နောက်လမ်းလို့ခေါ်တဲ့ဆင်း၇ဲသားတွေနေတဲ့နေရာ
လေးကလက်လုပ်လက်စားမိသားစုပညာ လည်း မတတ်ကြသူတွေပေါ့ညီမလေးရယ်။
ရပ်ကွက်အုပ်ချုပ်ေ၇းမှူးအိမ်မှာသတို့သမီးကအ၀ါရောင်ချိတ်ထမီနဲ့အမျိုးသားကလည်းတိုက်ပုံအကျီလေးနဲ့ပေါ့။လက်ထပ်စာချုပ်ချုပ်ဆိုလက်မှတ်ရေး
ထိုးတဲ့အခါမှာသတို့သမီး
လက်ကလေးတွေကိုရပ်ကွက်လူကြီးကြည့်လိုက်တော့လက်ကလေးတွေကပွန်းပဲ့နေတယ်၊သွေးစလေးတွေထွက်နေတယ်။သူမကပြောသေးတယ်
ကျွန်မပျော်လိုက်တာတဲ့လေ။သူ့အမျိုးသားကလည်းဖေးဖေးမမရှိလှပါတယ်။လူတွေကေ၇ှာင်ဖယ်ခြင်းခံရတဲ့ကိုယ်ရေပြားရောဂါသည်တစ်ယောက်ကို
လက်ထပ်ပေါင်းသင်းမယ့်
သတို့ သား ကိုအကိုတော့အ့သြမိတယ်။ရွံ့ရှာစိတ်ကိုဖျောက်ထားနိုင်တဲ့သူ့ရဲ့စိတ်ကိုညီမလေးရောမအံ့သြမိဘူးလား။တခါကဆင်းရဲသားလေး
တစ်ယောက်လက်ထပ်ပွဲကို
အကိုသတိရမိပြန်တယ်ညီမလေး။သူ့ခမျာခမ်းခမ်းနာနားလက်မထပ်ရှာနိုင်ဘူး။ မိတ်ဆွေတစ်ချို့ကိုအိမ်မှာဧည့်ခံလို့အကျဉ်းချုံးလေးလက်ထပ်လိုက်ရရှာတယ်။
အိမ်အပြန်မှာချစ်
ဇနီးချော လေးကို ခေါ်လို့ ပြန်လာတဲ့အခါစ၇ိတ်ကမလောက်ငှ ရှာ ဘူးလေ။ခ၇ီး တစ်ထောက် ထမင်းစား ဖို့ ကျတော့ သူ့ချစ်သူလေးကိုဆိတ်သားနဲ့ကျွေးပြီးသူကဘေးကထိုင်ကြည့်နေရှာတယ်။ဒီအချိန်ဟာသိပ်ဆာနေတဲ့အချိန်လေ။အကိုကမြင်နေခဲ့တယ်။
ပြီးတော့သူတို့ရဲ့အဖြစ်သနစ်ကိုလည်း
ရိပ်မိနေတယ်။ဒါကြောင့်သူတို့ဝိုင်းမှာဝင်ထိုင်ပြီးထမင်းဆိုင်စားပြီးပေမယ့်အကိုကဖျော်ရည်တစ်ခွက်မှာလိုက်မိတယ်ပြီးတော့သူ့ကို
“ညီလေးမင်းကိုအကိုထမင်းကျွေးချင်တယ်အကိုစာမူခလေးရလာလို့ပါ” ဆိုပြီးမေတ္တာရပ်ခံပြီးကျွေးလိုက်၇တယ်ညီမလေး။အကို့အသိကောင်လေးပါ။ သိပ်ချစ်ကြတဲ့ချစ်သူအိမ်ထောင်ဘက်လို့အကိုသတ်မှတ်ခဲ့တယ်။သူ့ဇနီးကလည်းအလိုက်သိတတ်တယ်။ သူ့အမျိုးသားအလုပ်ကပြန်လာတာနဲ့ကြိုဆိုပြီးမောင်မောနေလား၊ခဏနားနော်ရေတစ်ခွက်လောက်သောက်လိုက်ထမင်းပြင်ပေးမယ်သိလားဆိုပြီး
ယပ်တောင်ခတ်ပေးလို့ပြုံးပြုံးရွှင်ရွှင်နဲ့နေထိုင်ကြတာအကိုမြင်ဖူးတယ်။အလုပ်ကြမ်း လုပ်ရရှာတဲ့ လင်ယောက်ျားရဲ့ အားပေးဖေါ် အားဆေး တစ်ခွက်
ပဲမဟုတ်ဘူးလား။
ညီမလေးရေသူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ပေါင်းစပ်ပြီးထွက်တဲ့ခရီးလေးကလှလိုက်တာနော်။အေးတူပူမျှဆိုတဲ့စကားလေးကို
အကိုသူတို့ကိုကြည့်ပြီးပုံဖေါ်မိပါတယ်။
အကိုရင်ထဲဝေမျှခံစားနာကျင်ကြေကွဲရတဲ့ချစ်သူစုံတွဲလေးတစ်တွဲတော့အကိုတွေ့ဖူးတယ်။ကောင်လေးကဆယ်တန်းမကောင်၇ှာဘူး
ကောင်မလေးကတော့၁၀တန်းအောင်လို့အဝေးသင်ပုသိမ်တက္ကသိုလ်မှာတက်ရပါတယ်။သူတို့ကနှစ်ရှည်လများချစ်ကြတဲ့ချစ်သူတွေပဲ။
တကယ်လည်းလက်ထပ်ဖို့ရည်ရွယ်ခဲ့ကြပါတယ်။ကောင်လေးကနိုင်ငံရပ်ခြားကိုထွက်ခွာပြီးအလုပ်လုပ်ရတယ်ကောင်မလေးကတော့မိဘဆီနေပြီး
အဝေးသင်ရာသီမှာအဝေးသင်တက်ပေါ့။ကောင်လေးကိုတော့ကျုရှင်တက်ဖို့စရိတ်အဝေးသင်စရိတ်တွေကောင်လေးကပို့ပေးတယ်။
လက်ထပ်ပြီးရင်အိမ်တစ်ဆောင်မီးတစ်ပြောင်နေနိင်ဖို့ကြိုတင်စုထားဖို့လည်းမှာကြားထား
တယ်ကွယ်။ဒါပေမယ့်ညီမလေးရယ်အဝေးသင်တက်ပြီးရပ်ဝေးကချစ်သူကိုမေ့လို့ချစ်သူရီးစားအသစ်တွေထား၊တောင်ပေါ်လမ်းက
ချစ်သူလမ်းကြားမှာချိန်းတွေ့
လို့စာအပေါ်အာရုံ မထား ဘဲပျော်ပါး မေ့လျှော့ နေခဲ့တယ် ညီမလေး။ညီမလေးရယ် မိဘက ပညာတတ်စေချင် လွန်းလို့
ကျောင်း ထားတာကိုပညာသင်ချိန် ဘ၀ရဲ့တိုးတက်ရေးတွေကိုရှာဖွေရမယ့် အရွယ် အသိ ဥာဏ် ဖွံ့ဖြိုး မှုနဲ့ အတတ်ပညာတွေကို ၇ှာကြံ
အား ထုတ်ရမယ့် အရွယ် မှာ ပညာသင်ကြားမှုကိုအကြောင်းပြ လို့ ချစ်သူနဲ့ လျှောက် လည်၊
နောက်ဆုံးချစ်သူနဲ့ မသွား သင့်တဲ့ နေရာတွေကို သွားနေတဲ့ မိန်းကလေး တွေကို အကိုတော့
မုန်းမိပါတယ်။ ညီမလေး ရေ အကို့ အသိ တစ်ယောက် နိုင်ငံ ရပ်ခြား ကိုအလုပ် သွား လုပ် မယ်တဲ့ သူ့ သားလေး အတွက်
ငွေ ရှာရမယ် ဆိုပြီး
မလေးရှားကို ထွက် ဖို့မနက်မှာပဲ အကို လိုက်ပါ နုတ် ဆက် မိတယ်။ သူ့ ဇနီးကတော့ မျက်ရည် တွေဝိုင်းလို့၊ အဆိုးဆုံးက
သူ့ သားလေး (၈)နှစ်သားလေးက ဖေကြီး သားတို့ကို
ခွဲပြီး မသွား၇ ဘူး ဆိုပြီး ငိုပါလေေ၇ာ..။ ညီမလေး၇ယ် လေယာဉ် လက်မှတ်တွေစီ စဉ် ဗီဇာတွေ လုပ်ပြီးထွက်ခွာ တော့မယ့်
မိသားးစုအတွက်သွားးမယ့်
သူ့၇ဲ့၇င်ထဲဝေဒနာဘယ်လောက်ဖြစ်မယ်ဆိုတာအကိုစာနာမိပါတယ်။ကလေးကတော့ ဖက်ပြီး ငိုလို့ ၊ အမျိုးသားက လည်း မျက်နှာ မကောင်းတဲ့ကြားက
သူ့သားကိုချော့ လို့ ဘ၀စာမျက်နှာ တွေမှာ ခွဲခွာ ခြင်း တွေ ထဲကမိသားစု အရေး ခွဲခွာ သူတစ်ယောက်ရဲ့ ကြေကွဲ ခြင်းပါ ညီမလေး။
ညီမလေးရေ အိမ်ထောင်ေ၇းကို ဈေးးတွက် တွက် တတ်သူတစ်ချို့ကို ညီမလေး လည်းမြင်ဖူးမှာပေါ့နော်။တလောက မင်္ဂလာဆောင်
တစ်ခု အကို သွားခဲ့တယ်။သတို့ဘက်ကရင်းနှီးတာနဲ့ သွား လိုက်တာပါ။အသက် နှစ် ဆယ်ကျော် အမျိုး သမီးလေးကအသက်
၅၀ကျော် အရာရှိ လူပျိုကြီး တယောက်နဲ့ လက် ထပ် တဲ့ ပွဲ ပါ။
ကောင်မလေးကပျော်လို့ ပြုံးလို့ ။ အကိုက ချစ်ခြင်းမေတ္တာကို ရှာဖွေ မိပါတယ်။ဘယ် လိုအကြောင်းကြောင့် လဲ ဆိုတာကို လည်း
အတွေးဆင့်ပွားမိပြန်ပါတယ်။
ကောင်မလေးမှာ ချစ်သူရှိတယ် သူ့ ချစ်သူကို ပစ်ပြီးအိမ်ကပေးစားတာ ယူ တယ် ဆိုတာ သမီး အလိမ္မာလေး လို့
ညီမလေးက ထင် ချင်ထင်နိုင်ပါတယ်။
ဒါပေမယ့် ညီမလေးရေ သူယူလိုက်တဲ့ အမျိုးသားကအသက်ကြီးရင့်နေပြီ တစ်ဦးတည်းသောအမွေ ဆက်ခံမယ့် သူမရှိတဲ့
သူလေ။ညီမလေး တွေးမိလောက်ပါပြီ။
အချစ်မပါဘဲ၊အကျိုးအမြတ်တွက် ချက် တဲ့ လက် ထပ်ပွဲ တစ်ခု မဟုတ်ဘူးလားညီမလေးရယ်နော်။အဲ့ဒီလိုပဲ
ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသား တွေ
ကလည်းတွက်ချက်အပိုင်ဖမ်းတတ်ကြတယ်။ သူတို့ရဲ့တွက်ချက်မှုတွေဟာတခါတရံမှာမှားနေတတ်တာလည်း
တွေ့ရ ပါတယ် ညီမလေး။ ညီမလေးလည်း အချစ်ကို အစာ အဖြစ် တပ်ဆင်ပြီး လူကို မျှား တတ်သူတွေကို
သတိထားပြီး ရှောင်စေချင်ပါတယ်။
ကိုယ်စွမ်းကိုယ်စ နဲ့ အချစ်ပါတဲ့အိမ်ထောင်ရေးကို ညီမ လေး ထူထောင်ပါနော်။လောက လူ့ ဘ၀တိုတိုလေးထဲမှာအတ္တကြီးတဲ့ ၊
သဘောထားသေးသိမ်တဲ့ လူတွေကို ဝေးစွာရှဲပြီး စိတ်အလှ နဲ့ လောကကို အလှဆင်ပါလို့ အကိုပြောပါရစေ။
ချစ်ခြင်း မေတ္တာနဲ့ နားလည် မှုတူအပူမျှဖို့ ချစ်သူ အိမ်ထောင် ဘက်ကို
လည်း စိတ်တိုင်းကျ ရွေး ချယ်နိုင်ပါစေလို့ အကို ဆန္ဒပြု မိပါတယ် ညီမလေး။

ထက်ဝေး
https://mandalaygazette.com/165989

မိန်းကလေး အချစ်ဗေဒင် (အမျိုးသမီး သီသန့်) ဗေဒင် .....


မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်...

ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့
စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

အဆင့်(၁)

ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။
အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ - ၁
က ခ ဂ ဃ င -၂
စ ဆ ဇ စ် ည - ၃
ယ ရ လ ၀ - ၄
ပ ဖ ဗ ဘ မ - ၅
သ ဟ - ၆
ထ တ ဒ ဓ န - ၇

ဥပမာ ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
၁ + ၂+ ၇=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)

နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။
မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။

ချစ်ရေးဆိုခံရသူ အသက်=၂၅

ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅

အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀

ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ

အကြွင်းကိုကြည့်...။

အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ 


သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့်အိမ်ထောင်ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကိုသတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကို့ ကိုချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိရင် လက်ခံသင့်တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူး ဆိုလည်းသူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲ လို့မေးလိုက်တော့..။ မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့ အနေအထားတော့ မဟုတ်ဘူးနော်။ 


လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကို့အပြင် သူနောက်ထပ် တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံးမှာ။ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေး မပေါ်သေးဘူးနော်..။ မိတ်ဆွေလောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကို မြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကား ပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကို့အပေါ် သူတတ်အား သလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။ 


သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေအထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလို တကယ်လိုက်ပြီး ကို့မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။

အကြွင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာထပ်အဖြေ တောင်းတော့မှာ မဟုတ်ဘူး။ 


သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား..။ ဆိုတာကို လေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန် တည်ငြိမ်ပါတယ်။ ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ 


တကယ်လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည်တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ကိုယ့်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကားနဲ့ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ 


သူ ချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုးနှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ 

ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး တွက်ကြည့် ချင်ရင်တစ်ဖက်လူကို့ ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်း ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ်ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်

RangonNewsDaily

နောက်ဆုံး ဖယောင်းတိုင်



 
5535199.jpg

ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။


ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့ နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။
နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ ``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။
ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့ နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင်  ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်`` လို့ နာမည်ပေးထားတယ်။
တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တတရား၊ ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။
အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။
ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ`` ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု``  ဆိုတဲ့ အလင်းရောင်ကလေးနဲ့ `` အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
တွေးဆကြည့်ကြဖို့ပါခင်ဗျာ။

နီးနီးဝေးဝေး အတွေးလက်ဆောင် စာအုပ်မှ...

ဦးဘုန်း(ဓာတု)
မန္တလေး