ပတ္တမြားမှန်ရင်နွံမနစ်ဘူးတဲ့ ဟုတ်တယ်
ဒါပေမယ့်................
ပတ္တမြားမဟုတ်တဲ့ ဒို့ရွှေတွေတော့
ဒီမြေရဲ့ ငွေနွံမှာ အစုလိုက်အပြုံလိုက်နစ်နေကြလေရဲ့
ဘယ်ဘဝကဆုတောင်းတွေများမှားခဲ့ကြ
သူ့ ကျွန်ဘဝကလွတ်ခဲ့လည်း
ငွေရဲ့နွံမှာ ငွေကျွန်အဖြစ်နဲ့
ငွေထားရာနေ ငွေစေရာသွား
လျှောက်လှဲ ချက်မရှိတဲ့ဘဝမှာ
ဘယ်သူကိုယ်နဲ့ ထပ်တူပြု စိတ်ဖြူးဖြူနဲ့စာနာနိုင်မလည်း
ဒီကြားထဲ အစာကျွေးဖို့ အစီအစဉ်မရှိတဲ့
သခင်တစ်ယောက်ရဲ့ရှေ့ မှာ
အမြီးပြုတ်မတက်ရမ်းပြနေတဲ့
ခွေးတစ်ကောင်လို ( ရွှေ) တချို့ ရဲ့လုပ်ရက်
မောင်ဖြူမောင်မည်းမသဲကွဲလို့ အထင်မလွဲနဲ့
ဖိနပ်စီးမကောင်းတာခြေထောက်ပဲ သိနိုင်တယ်.....။
မလာခင်တုန်းကတော့ အမိမြေကနေကျွေးကျော်ခဲ့တယ်
ကိုယ်ကောင်းရင်ခေါင်းမရွှေးဘူးပေ
အခုတော့လည်း ငွေရဲ့ နွံမှာ
အစွယ်ချိုးခံထားရတဲ့ ဆင်အိုတစ်ကောင်လို
ဒို့လိုတစ်ပြည်သားတွေ အတွက်
စာနာစိတ်နဲ့မေတ္တာတရားဟာဘယ်မှာလည
တကယ်တော့ လူမျိုးတွေမတူုကြလည်း
ဦးခိုက်ရာအရက်တွေ လွဲနေတဲ့ ဒီမြေရဲ့ငွေနွံမှာ
စိတ်သွားတိုင်း ကိုယ်မပါပေမယ့်
ကိုယ်သွားတိုင်းပါပါနေတဲ့ ငါ့အရိပ်ကတောင်ငါ့ကိုပြန်မေး
အိမ်ပြန်ရက်ကဘယ်တော့လည်းတဲ့....
Credit by ချစ်ဦးလေး[တမာမြေ]
No comments:
Post a Comment